ပါကစ္စတန်တွင် စစ်သွေးကြွများ ထောင်ဖောက်ပြေး

ပါကစ္စတန်နိုင်ငံမှာ နိုင်ငံခြားသား တောင်တက်သမား ၁၀ ယောက်ကို အစုအပြုံလိုက် သတ်ဖြတ်မှုအတွက် ရုံးတင်ခံနေရတဲ့ စစ်သွေးကြွ ၂ ဦး ဖေဖော်ဝါရီ ၂၇ ရက်နေ့က ထောင်ဖောက် ထွက်ပြေးသွားပါတယ်။ နိုင်ငံမြောက်ပိုင်းက ဂယ်ဂစ် Gilgit အကျဉ်းထောင်ကနေ ထွက်ပြေးဖို့ ကြိုးစားတဲ့ တခြားအကျဉ်းသား ၂ ဦးကိုတော့ အသေဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒု ထောင်မှူး ဆော်တန် ဖိုင်ဇယ် Sultan Faisal က ပြောပါတယ်။ အကျဉ်းသား ၄ ဦးဟာ ထောင်အချုပ်ခန်းကနေ ထောင်နံရံအထိ လိုင်ခေါင်းတခုကို တူးထားတယ်လို့ အရာရှိတဦးက ပြောပါတယ်။ သူတို့ ၄ ဦးဟာ ၂၀၁၃ ခုနှစ်က တောင်တက်သမားအုပ်စုတစုနဲ့ နယ်ခံ လမ်းပြကို သတ်ဖြတ်မှုအတွက် ရုံးတင်ခံနေရတာဖြစ်ပါတယ်။ တောင်တက်သမားအုပ်စုဟာ ကမ္ဘာမှာ န၀မြောက် အမြင့်ဆုံး နန်းဂါ ပါဘတ် Nanga Parbat တောင်ကို တက်ဖို့ စခန်းချနေတုန်း အရုဏ်မတက်ခင်အချိန်မှာ အသတ်ခံလိုက်ရတာဖြစ်ပါတယ်။ အသတ်ခံရသူတွေထဲမှာ တရုတ်၊ လစ်သူနီးယား၊ နီပေါ၊ ဆလိုဗက်ကီးယား၊ ယူကရိန်းနဲ့ အမေရိကန် နိုင်ငံသား ၁ ဦး ပါဝင်ပါတယ်။ တရုတ်နိုင်ငံသား တဦးကတော့ လွတ်မြောက်ခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်ကြောင့် ပါကစ္စတန်က ခရီးသွားလုပ်ငန်းအပေါ် အကြီးအကျယ် ဂယက်ရိုက်ခဲ့ပါတယ်။ ဒီသတ်ဖြတ်မှုကို ပါကစ္စတန် တာလီဘန်အဖွဲ့က သူတို့လက်ချက်လို့ ကြေညာခဲ့ပါတယ်။ အမှုနဲ့ပတ်သက်လို့ သံသယရှိသူ ဒါဇင်လောက် ရှိပြီး အများစုကတော့ တခြား ဆွန်နီ စစ်သွေးကြွ အုပ်စုက ဖြစ်ပါတယ်။ အခု ထောက်ဖောက်ပြေးမှုအတွက် လောလောဆယ်မှာ ထောင်အရာရှိ ၂ ဦးကိုလည်း ရာထူးကနေ ဆိုင်းငံ့ထားပြီး စုံစမ်းနေတယ်လို့ ဒု ထောင်မှူးက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up