၂၀၀၁ ခုနှစ်က အခိုးခံရသည့် ပီကာဆိုပန်းချီကား ပြန်တွေ့ပြီ

The Hairdresser အမည်ရ ပီကာဆို၏ ပန်းချီကား (ဓာတ်ပုံ - US Department of Justice)
ဂန္ဓ၀င် ပန်းချီဆရာ ပီကာဆို ရေးဆွဲခဲ့တဲ့ ပန်းချီကားတချပ်ဟာ ၂၀၀၁ ခုနှစ်က အခိုးခံခဲ့ရပြီးနောက် ပြန်လည်ဖမ်းဆီးရမိပါတယ်။ အမေရိကန် တရားရေးဌာနရဲ့ အဆိုအရ အမေရိကန် Federal Express ကတဆင့် အမေရိကန်ကို ပို့တဲ့အချိန်မှာ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ "The Hairdresser" ဆံပင်အလှပြင်သူလို့ အဓိပ္ပာယ်ရတဲ့ ပန်းချီကားဟာ ၁၉၁၁ ခုနှစ်က ရေးဆွဲထားတာဖြစ်ပါတယ်။ ကင်းဘတ်စပေါ်မှာ ဆီဆေးနဲ့ ရေးထားတာဖြစ်ပြီး အလျား ၃၃ စင်တီမီတာ၊ အနံ ၄၆ မီတာ ရှိပါတယ်။ ပန်းချီကားရဲ့ မူလ ပိုင်ရှင်က ပြင်သစ်အစိုးရဖြစ်ပြီး ပါရီမှာ ရှိတဲ့ ပြတိုက်ကနေ ပျောက်ဆုံးနေခဲ့တာပါ။ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ဘရွတ်ကလင်းမြို့က ပြည်ထောင်စု တရားရုံးမှာ အမှုဖွင့်ထားတဲ့ အချက်အလက်အရ မနှစ် ဒီဇင်ဘာလ ၁၇ နေ့က ဘယ်လဂျီယံကနေ အမေကန် ပြည်ထောင်စုဆီကို ပေးပို့စဉ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ပန်းချီကားကို မူလပိုင်ရှင်ဖြစ်တဲ့ ပြင်သစ်အစိုးရကို ဥပဒေနဲ့ အညီ ပြန်လွှဲပေးဖို့ ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up