အိမ်ဖော်ကို နှိပ်စက်ခဲ့သည့် ဟောင်ကောင်အိမ်ရှင်မ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရ

အင်ဒိုနီးရှားအိမ်ဖော်တဦးကို ကိုယ်ထိလက်ရောက် နိုင်ထက်စီးနှင်း နှိပ်စက်ခဲ့တဲ့ ဟောင်ကောင်အိမ်ရှင်မတဦးကို ဟောင်ကောင်တရားရုံးက ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ထောင် ၆ နှစ်ချလိုက်ပါတယ်။ အသက် ၄၄ နှစ်အရွယ် လောဝမ်တောင်း Law Wan-tung ဟာ အင်ဒိုနီးရှားအိမ်ဖော် အာဝီယာနာ Erwiana ကို ကိုယ်ထိလက်ရောက် နှိပ်စက်မှု၊ ခြိမ်းခြောက်မှု၊ လုပ်အားခ မပေးမှုတွေနဲ့ ဒီလဆန်းပိုင်းကပဲ အပြစ်ရှိကြောင်း တရားရုံးက စစ်ဆေးတွေ့ရှိခဲ့တာပါ။ အာဝီယာနာ အင်ဒိုနီးရှားနိုင်ငံကို ပြန်သွားပြီး ဆေးကုသမှုခံယူချိန်မှာ လူတွေ ကျယ်ကျယ် ပြန့်ပြန့် သိရှိခဲ့ကြပြီး ကမ္ဘာက စိတ်ဝင်တစားစောင့်ကြည့်ခဲ့တဲ့ အမှုလည်းဖြစ်ခဲ့တာပါ။ ဟောင်ကောင်မှာ အာရှနိုင်ငံတွေက အိမ်ဖော် ၃ သိန်းလောက်ရှိပြီး အများစုဟာ အင်ဒိုနီးရှားနိုင်ငံနဲ့ ဖိလစ်ပိုင်နိုင်ငံတွေက ဖြစ်ပါတယ်။ လောဝမ်တောင်းဟာ သူ့ကို အမိန့်ချချိန်မှာ အာဝီယာနာ နဲ့ အိမ်ဖော်တွေအပေါ်မှာ အပြစ်ကို သိပြီး စာနာထောက်ထားမှုလည်း မပြသခဲ့သလို သူ့ထက်နိမ့်ကျတဲ့လူတွေလို့ပဲ ယူဆနေတယ်လို့ ဟောင်ကောင်တရားသူကြီးက ပြောဆိုပါတယ်။ ဒါကြောင့် ဟောင်ကောင်မှာရော၊ အင်ဒိုနီးရှားနိုင်ငံမှာပါ အိမ်ဖော်တွေရဲ့ဘ၀ အခြေအနေမှန်တွေကို သိရှိရအောင် စုံစမ်းဖို့ ဟောင်ကောင်နဲ့ အင်ဒိုနီးရှားအစိုးရ နှစ်ရပ်လုံးကို တရားသူကြီးက တောင်းဆိုခဲ့ပါတယ်။ [caption id="attachment_83549" align="aligncenter" width="624"]အင်ဒိုနီးရှားအိမ်ဖော် အာဝီယာနာ (ဓာတ်ပုံ - ရိုက်တာ) အင်ဒိုနီးရှားအိမ်ဖော် အာဝီယာနာ (ဓာတ်ပုံ - ရိုက်တာ)[/caption] အိမ်ရှင်မလောဟာ အာဝီယာနာကို တရက်ကို ၄ နာရီပဲ အိပ်ခွင့်ပြုခဲ့ပြီး အငတ်ထားခဲ့တာကိုလည်း တရားရုံးက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ စွဲချက် ၂၀ မှာ ၁၈ မှုမှာ အပြစ်ရှိခဲ့ပြီး အများဆုံးထောင်ဒဏ် ၇ နှစ် ကျခံနိုင်တဲ့အမှုမှာ ထောင်ဒဏ် ၆ နှစ်ချခံရတာလည်းဖြစ်ပါတယ်။ အိမ်ရှင်မ လောဟာ ကလေး ၂ ဦးမိခင်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၉၃၄ ဒေါ်လာနဲ့ ညီမျှတဲ့ ဟောင်ကောင်ဒေါ်လာ ၁၅၀၀၀ ဒဏ်ကြေးပေးဆောင်ဖို့လည်း တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up