DVB Logo
Home
မြန်မာသတင်း
ထိုင်းတောင်ပိုင်း ကော့စမွီတွင် မြန်မာ ၁ ဦး ထပ်မံအသတ်ခံရ
DVB
·
February 27, 2015
Donate to DVB

မကြာခင်ရက်ပိုင်းက မွန်အမျိုးသမီး ၁ ဦး အသတ်ခံခဲ့ရတဲ့ ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော့စမွီကျွန်းမှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ မနက်အစောပိုင်းက အသက် ၂၀ ကျော်အရွယ်  မြန်မာအလုပ်သမား ၁ ဦး ထပ်မံ အသတ်ခံရတယ်လို့  ထိုင်းဒေးလီးနယူးစ်သတင်းမှာ ဖော်ပြပါတယ်။

ကော့စမွီမြို့ ဘော်ဖွတ်ရပ်ကွက် နယ်မြေ ၆ ထဲမှာ လူ ၁ ဦးရဲ့အလောင်း တွေ့ရှိကြောင်း ဖေဖော်ဝါရီ ၂၇ ရက် မနက်မှာ သတင်းရရှိချက်အရ ကယ်ဆယ်ရေးဝန်ထမ်း၊ မှုခင်းဆရာဝန်တွေ နဲ့အတူ သွားရောက်စစ်ဆေးရာမှာ ဖူးချဝိုင်စားသောက်ဆိုင် လမ်းဘေးမှာ အသက် ၂၀ ရွယ် လူရွယ်တဦး သေဆုံးနေတာ တွေ့ရတယ်လို့ ကော့စမွီအထူး စုံစမ်းစစ်ဆေးရေးအရာရှိက  သတင်းထောက်တွေကို ပြောပါတယ်။

စစ်ဆေးချက်အရ သေဆုံးသူဟာ ဘန်ဒိုင်းစားသောက်ဆိုင်မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ကိုသက်စိုး (အသက် ၂၂ နှစ်) ဖြစ်ပြီး ရင်ဘတ်မှာ ချွန်ထက်လက်နက်နဲ့ထိုးထားတဲ့ ဒဏ်ရာနှစ်ချက်၊ လည်ပင်းပြတ်လုနီးပါး ဓားဒဏ်ရာ၊ မျက်နှာမှာ ထိုးကြိတ်ထားတဲ့ ဒဏ်ရာတွေ တွေ့ရှိတယ်လို့ စုံစမ်းရေးရဲအရာရှိက ပြောပါတယ်။

သေဆုံးသူနဲ့နီးစပ်တဲ့ အပေါင်းအသင်းတွေ မေးမြန်းရာမှာတော့ တဆိုင်တည်းမှာ အလုပ်လုပ်သူ ထိုင်းလူမျိုး နိုင်းနတ်တ၀တ်ကျန်ကြိုင်က သေဆုံးသူဟာ အရက်မသောက်၊ ဆေးလိပ်မသောက်ဘဲ ရိုးသားကြိုးစားသူတဦးဖြစ်ကြောင်း၊ အခင်းဖြစ်တဲ့ညက မနက် ၂ နာရီ (ဖေဖော်ဝါရီ ၂၇) ထိ အလုပ်ဆင်းပြီး ဆိုင်ကယ်နဲ့ ပြန်သွားတယ်လို့ ပြောပါတယ်။

အခြားမိန်းကလေးသူငယ်ချင်းဖြစ်သူ မယုဝေေ၀ရဲ့ ပြောပြချက်အရတော့ သေဆုံးသူဟာ မနက် ၂ နာရီ မိနစ် ၂၀ မှာ သူ့ကို ဖုန်းခေါ်ပြီး အဖမ်းခံရတဲ့အကြောင်း အကူအညီတောင်းနေစဉ်မှာ ဖုန်းချသွားတယ်လို့ ဆိုပါတယ်။

ဒီအမှုမှာ အလောင်းဘေးမှာ တွေ့ရတဲ့ ဖိနပ်ရာတွေ၊ ဆိုင်ကယ်ဘီးရာတွေကို ကြည့်ခြင်းအားဖြင့် လူသတ်သမားဟာ၂ ယောက်ထက် ပိုနိုင်ကြောင်း၊ သူ့ရဲ့ အသိမိတ်ဆွေထဲက ဖြစ်နိုင်ပြီး ကြိုတင်ချိန်းချက်ထားဟန်လည်းရှိကြောင်း၊ ပြဿ နာတခုခုကို ညှိနှိုင်းမရတာနဲ့ လက်စဖျောက်လိုက်ဟန်ရှိကြောင်း ရဲတပ်ဖွဲ့က ခန့်မှန်းပြောဆိုပြီး တရားခံကို ဖမ်းဆီးအရေးယူနိုင်ဖို့ စုံစမ်းရှာဖွေနေတယ်လို့ ရဲအရာရှိကို ကိုးကားပြီး ဒေးလီးနယူးစ်သတင်းမှာ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကော့စမွီမြို့ ရခိုင်လူမှုကူညီရေးအဖွဲ့က ကိုသန်းရွှေကလည်း အသတ်ခံရ သူဟာ မွန်ပြည်နယ်ကလို့ပဲ သိထားပြီး နောက်ထပ်အသေးစိတ်သိရဖို့  မေးမြန်းနေဆဲပဲလို့ ဆိုပါ တယ်။

ကော့စမွီမြို့ ဘော်ဖွတ်ရပ်ကွက်ထဲမှာပဲ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ကလည်း  အသက် ၂၂ နှစ်ရွယ် မချောငယ်ငယ်ဆိုတဲ့ မွန်အမျိုးသမီးတဦး အသတ်ခံခဲ့ရပြီး သူ့အလောင်းကို ဒီကနေ့ မွန်းလွဲပိုင်းက ကော့စမွီမြို့ ဘန်ရတ်ဘုန်းကြီးကျောင်းမှာ မီးသင်္ဂြိုဟ်ခဲ့ပါတယ်။

ဒီလူသတ်မှု နှစ်ခုဟာ ဆက်နွှယ်မှုရှိမရှိဆိုတာကိုတော့ မသိရသေးပါဘူး။

ဓာတ်ပုံ - dailynews.co.th

[gallery ids="83521,83522,83523,83524,83525"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013