DVB Logo
Home
မြန်မာသတင်း
တနိုင်ငံလုံးအပစ်ရပ်ညှိနှိုင်းရေးအဖွဲ့ ဆွေးနွေးပွဲ ကျင်းပ
DVB
·
February 27, 2015
တနိုင်ငံလုံးအပစ်ရပ်ညှိနှိုင်းရေးအဖွဲ့ ဆွေးနွေးပွဲ ကျင်းပ
Donate to DVB

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ (ယူပီဒဗလျူစီ) နဲ့ ၇ ကြိမ်မြောက်ဆွေးနွေးဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ရဲ့ တနိုင်ငံလုံးအပစ်ရပ်ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) ဆွေးနွေးပွဲ စတင်ကျင်းပနေပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက် မနက်ပိုင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အန်စီစီတီအဖွဲ့ရဲ့ ၃ ရက်ကြာဆွေးနွေးပွဲ စတင်ခဲ့တာဖြစ်ပြီး အဖွဲ့တွင်း သုံးသပ်ညှိနှိုင်းကြမယ်လို့ အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။

“လာမယ့် ၇ ကြိမ်မြောက်ဆွေးနွေးပွဲအတွက် ဒီကြားထဲ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို သုံးသပ်တယ်။  နောက် တစ်ဆို့နေတဲ့ အချက်အလက်အပေါ်မှာ ကျနော်တို့ မေးထားတာတွေကို သူတို့ဘက်က တုံ့ပြန်ထားတာရှိတယ်။ အဲ့ဒီအချက်အလက်တွေအပေါ်မှာ ကျနော်တို့က လက်ခံနိုင် မနိုင်၊ နောက် ဘယ်လိုနည်းနဲ့ ဖြတ်ကျော်မလဲ ဒီဟာတွေကို ကျနော်တို့အတွင်းမှာ ညှိနှိုင်းပြီးတော့ အဖြေရှာနေတာပါ။”

ယူပီဒဗလျုစီနဲ့ အန်စီစီတီတို့အကြား အဓိက တစ်ဆို့နေတဲ့အချက် ၇ ချက်လောက် ကျန်ရှိနေသေးပြီး နှစ်ဖက်တပ်နေရာချထားရေးကိစရပ်တွေ ပါဝင်တယ်လို့လည်း နိုင်ဟံသာက ပြောပါတယ်။

အန်စီစီတီရဲ့ ၃ ရက်ကြာဆွေးနွေးပွဲကို မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေ လာရောက်တက်ရောက်ဖို့ ရှိပြီး မတ်လလယ်ပြန်ကျင်းပဖို့ နှစ်ဘက်သဘောတူထားတဲ့ ၇ ကြိမ်မြောက်တွေ့ဆုံပွဲအတွက် ညှိနှိုင်းဆွေးနွေးကြမှာလည်း ဖြစ်ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ကိုးကန့်တိုက်ပွဲနဲ့ပတ်သက်ပြီး ၇ ကြိမ်မြောက်ဆွေးနွေးပွဲမှာ ဆွေးနွေးပွဲ အစီအစဉ်တခုအနေနဲ့ ထည့်သွင်းဆွေးနွေးဖို့ လိုမယ်လို့လည်း အန်စီစီတီခေါင်းဆောင် နိုင်ဟံသာက ပြောပါတယ်။

“စောင့်ကြည့်တဲ့အဖွဲ့တွေပေါ့ဗျာ။ သဘောတူညီချက်တွေကို ဘယ်အဖွဲ့ကနေ ဖောက်ဖျက်သလဲဆိုတဲ့ ဟာမျိုး လေ့လာစောင့်ကြည်ဖို့ စောင့်ကြည့်အဖွဲ့တွေ ဘယ်လိုနည်းနဲ့ဖွဲ့မလဲ ဆွေးနွေးဖို့ ရှိမယ်။ လောလောဆယ်ဖြစ်ပေါ်နေတဲ့ ကိုးကန့်အဖွဲ့ကိစ္စပေါ့လေ။ ဒီကိစ္စကလည်း အာဂျင်တာ တခုအနေနဲ့ ဆွေးနွေးဖို့လိုမယ်လို့ မြင်ပါတယ်။”

အခုကျင်းပနေတဲ့ အန်စီစီတီအဖွဲ့တွင်း ဆွေးနွေးပွဲဟာ ၁၇ ကြိမ်မြောက် ဆွေးနွေးပွဲဖြစ်ပါတယ်။

ယူပီဒဗလျူစီနဲ့ အန်စီစီတီတို့ရဲ့ နှစ်ဘက်ဆွေးနွေးပွဲတွေဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက ရပ်တန့်နေခဲ့တာဖြစ်ပြီး လာမယ့် မတ်လလယ် ရန်ကုန်မှာ နှစ်ဘက်တွေ့ဖို့ သဘောတူထားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013