DVB Logo
Home
မြန်မာသတင်း
ထားဝယ်အမျိုးသမီးတက်ကြွလှုပ်ရှားသူများ နှောင့်ယှက် ခြိမ်းခြောက်ခံနေရ
DVB
·
February 27, 2015
ထားဝယ်အမျိုးသမီးတက်ကြွလှုပ်ရှားသူများ နှောင့်ယှက် ခြိမ်းခြောက်ခံနေရ
1 / 2
Donate to DVB

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းအကောင်အထည်ဖော်ရာမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်ပြီး ဖော်ထုတ်နေတဲ့ ထားဝယ်အမျိုးသမီး တက်ကြွလှုပ်ရှားသူတွေကို ထားဝယ်အထူးစီးပွားရေးဇုန် ဘက်တော်သားတွေက နှောင့်ယှက်ရန်ပြုနေတယ်လို့ ထားဝယ်အမျိုးသမီးသမဂ္ဂက ပြောပါတယ်။

[caption id="attachment_83488" align="alignright" width="280"]ကျမတိုဘ၀များ-ရောင်းရန်မဟုတ် အစီရင်ခံစာ ကျမတိုဘ၀များ-ရောင်းရန်မဟုတ် အစီရင်ခံစာ[/caption]

ထားဝယ်အမျိုး သမီးသမဂ္ဂအနေနဲ့ ပြီးခဲ့တဲ့လက ‘ကျမတိုဘ၀ များ-ရောင်းရန်မဟုတ်’ ဆိုတဲ့ အစီရင်ခံစာ တစောင်ထုတ်ပြန် ခဲ့ပြီးနောက်ပိုင်း တနင်္သာရီတိုင်းအစိုးရ အဖွဲ့ဝင် ဒုဝန်ကြီး ဦးဘုန်းဆွေက ထားဝယ် အထူးစီးပွားရေး ဇုန် ထောက်ခံတဲ့ လူထုဆန္ဒပြပွဲတခု လုပ်ဆောင်ခဲ့ပြီး အမျိုးသမီး တက်ကြွလှုပ်ရှား သူတွေကို ဆန့်ကျင် ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တာလို့ ထားဝယ်အမျိုးသမီးသမဂ္ဂ (တီဒဗလျူယူ) ရဲ့ ပြောခွင့် မယ်စုစုဆွေက ပြောပါတယ်။

“ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီးတော့ ထားဝယ်ရေနက်ဆိပ်ကမ်း အမြန်ဖော်ထုတ်ရေး၊ ထားဝယ်ရေနက်ဆိပ်ကမ်း ဆန့်ကျန်သူတွေအား ဒို့ရန်သူ၊ နောက်တခုက တီဒဗလျူယူက အဖျက် သမားဆိုပြီးတော့ အဲလို ပြောတာတွေ ရှိတယ်။ အဲဒီအပြင် ကျမတို့ရဲ့ အဖွဲ့ဝင်တဦးကို  ဒီကျောက်မီးသွေးစက်ရုံ ဆိုးကျိုးနဲ့ ပတ်သက်ပြီး အသိပညာပေးလုပ်တဲ့အတွက် နောက်ကွယ်မှာ မုဒိမ်းကျင့်ပစ်လိုက်မယ်ဆိုတဲ့ ပြောဆိုတာတွေ ရှိတယ်။ ဒါပေမယ့် ဒါက နောက်ကွယ်မှာ ပြောတယ်။ သူရဲ့တပည့်တယောက်က လာပြီး သတိပေးသွားတယ်။ အစ်မ သတိထားပြီးနေ၊ ညည အပြင်မထွက်နဲ့ တယောက်တည်းလည်း ဘယ်မှမသွားနဲ့၊ အစ်မကို မုဒိမ်းကျင့်ဖို့ ပြောတယ်။”

 

ဒါ့အပြင် ကျောက်မီးသွေးရဲ့ ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး အသိပညာပေးနေတဲ့ သကျက်တောရွာခံ အထက်တန်းကျောင်း ဆရာမကို မြို့နယ်နဲ့ တိုင်းပညာရေးမှူးတွေက ပြီးခဲ့တဲ့လအတွင်း ၃ ကြိမ် တွေ့ဆုံခဲ့ပြီး ကျောက်မီးသွေးစီမံကိန်းကို မဆန့်ကျင်ဖို့၊ နိုင်ငံရေးနဲ့ မပတ်သက်ဖို့ သတိပေးခဲ့တယ်လို့လည်း တီဒဗလျူယူရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါကြောင့် အမျိုးသမီးတွေကို ဦးတည်ပြီး နှောင့်ယှက် ခြိမ်းခြောက်မှုတွေ လုပ်ဆောင်တဲ့အပေါ်   ကန့်ကွက်ရှုတ်ချတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013