မောင်းသူမဲ့ ဒရုန်းလေယာဉ်ပျံသန်းမှု ပြင်သစ်အာဏာပိုင်များ စုံစမ်း

ပြင်သစ်နိုင်ငံ ပါရီမြို့တော်က အထင်ကရအဆောက်အဦaတွမှာ မောင်းသူမဲ့ ဒရုန်းလေယာဉ်တွေကို ပျံသန်းခဲ့တဲ့အတွက် ပြင်သစ်အာဏာပိုင်တွေက လိုက်လံ စုံစမ်းရှာဖွေနေကြပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ နဲ့ ၂၅ ရက်နေ့အထိ ၂ ညဆက်တိုက် ပျံသန်းခဲ့ကြပြီး လက်ရှိအချိန်အထိ ဘယ်သူဘယ်ဝါဆိုတာကို ထုတ်ဖော်ပြောဆိုခြင်းလည်းမရှိသလို၊ အာဏာပိုင်တွေလည်း အတည်မပြုနိုင်သေးပါဘူး။ ဒီဒရုန်းလေယာဉ်ငယ်တွေဟာ ပါရီမြို့တော် လုံခြုံရေးကို ခြိမ်းခြောက်နိုင်တဲ့အဆင့် မရှိဘူးလို့ ပြင်သစ်အာဏာပိုင်တွေက ပြောဆိုပေမယ့် ပြီးခဲ့တဲ့လက ပါရီမြို့တော် မွတ်စလင်အစွန်းရောက်တွေရဲ့ တိုက်ခိုက်ခံခဲ့ရလို့ လုံခြုံရေးအဆင့်မြှင့်ထားဆဲ ဖြစ်ပါတယ်။ ပြင်သစ် ဒရုန်းလေယာဉ်ကုမ္ပဏီ စီအီးအိုကတော့ အပျော်မောင်း အသေးစားဒရုန်းလေယာဉ်ငယ်တွေသာ ထုတ်လုပ်တဲ့အတွက် လူထုအနေနဲ့ စိုးရိမ်စရာမရှိပါဘူးလို့ ပြောဆိုပါတယ်။ ပါရီမြို့တော်မှာ ဒရုန်းလေယာဉ်ကို လိုင်စင်မရှိရင် မောင်းနှင်ခွင့်မရှိပဲ ညပိုင်းပျံသန်းခွင့်ကတော့ လုံးဝ ပိတ်ပင်ထားတာပါ။ ဖမ်းဆီးခံရရင် အများဆုံး ထောင်ဒဏ် ၁ နှစ်နဲ့ အမေရိကန်ဒေါ်လာ ၈၅၀၀၀ ဒဏ်တပ်ခံရနိုင်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ပြင်သစ်နိုင်ငံတ၀န်း ဒရုန်းလေယာဉ်ငယ်တွေ တရားမ၀င်ပျံသန်းမှုတွေ ရှိခဲ့ပြီး သမ္မတနန်းတော်တို့၊ နျူးကလီယားရေငုပ်သင်္ဘောတွေ ထားရှိရာ ဆိပ်ကမ်းတို့နဲ့ ပြင်သစ်နိုင်ငံရဲ့ နျူးကလီးယားဓာတ်ပေါင်းဖိုတွေပေါ် လျှို့ဝှက်ပျံသန်းမှုတွေ ရှိခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up