အကြမ်းဖက်မှုဖြစ်ပွားအပြီး ဘောလုံးပြိုင်ပွဲများ ဂရိတွင် ရပ်ဆိုင်း

နိုင်ငံတွင်းမှာရှိတဲ့ ဘောလုံးပြိုင်ပွဲတွေကို အကန့်အသတ်မရှိ ဂရိ အစိုးရက ရပ်ဆိုင်းလိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၂ ရက် ဆူပါလိဂ်က အိုလံပီယာကော့စ်နဲ့ ပင်နသီနာကော့စ်တို့ ပြိုင်ပွဲမှာ ဖြစ်ပွားခဲ့တဲ့ ရိုက်ပွဲနဲ့ ဖေဖော်ဝါရီ ၂၄ ရက် ကလပ် ဘုတ်အဖွဲ့တွေအကြား ရန်ပွဲတွေ အပြီး အခုလို ရပ်ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ ဒီရာသီမှာ အကြမ်းဖက်မှုတွေကြောင့် စက်တင်ဘာနဲ့ နိုဝ်ငဘာမှာ ဘောလုံးပွဲတွေကို ၂ ကြိမ် ရပ်ဆိုင်းခဲ့ရပါတယ်။ ပြဿနာတွေကို ဖြေရှင်းဖို့ အာဏာရ ပါတီ ဆရီဇာက တိုက်တွန်းထားပါတယ်။ ဒီတားဆီး ပိတ်ပင်မှုဟာ တိုင်းပြည်ရဲ့ ထိပ်တန်း ဘောလုံးပြိုင်ပွဲ ၃ ခုစလုံးကို သက်ရောက်မှာ ဖြစ်ပါတယ်။ အစိုးရကတော့ ဘောလုံးပြိုင်ပွဲတွေကို ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်စချင်သလို တုံ့ပြန်မှုတွေကို စောင့်နေတယ်လို့ ဆူပါလိဂ် ဥက္ကဋ္ဌက ပြောပါတယ်။ ပင်နသီနာကော့စ်က အိုလံပီယာကော့စ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီးတဲ့နောက်မှာ ပရိတ်သတ်တွေက တာဝန်ရှိသူတွေကို မီးကျည်၊ ရေဗူး၊ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။ ဒီနောက်မှာ ဆူပါလိဂ် အရာရှိ အစည်းအဝေးခေါ်ယူရာမှာ အိုလံပီယာကော့စ် လုံခြုံရေး အရာရှိတွေက ပင်နသီနာကော့စ်အရာရှိတွေကို ထိုးကြိတ်ခဲ့တယ်လို့ ပြောပါတယ်။ ဒီကလပ် ၂ ခုက ထာဝရ ရန်သူအဖြစ် အသိများပြီး ပြိုင်ဆိုင်မှုကလည်း ပြင်းထန်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up