
အစိုးရတပ်တွေနဲ့ ကိုးကန့်တိမ်းရှောင်တပ်တွေအကြား တိုက်ပွဲဖြစ်ပွားနေတဲ့ လောက်ကိုင် ဒေသမှာ အသက် ၁၀ အရွယ် ကိုးကန့် ကလေးငယ်တဦး မိုင်းနင်းမိပြီး သေဆုံးသွားပါတယ်။
လောက်ကိုင်မြို့နယ် ချားဟော်ရွာမှာ ဗုဒ္ဓဟူးမနက်ပိုင်းက အဆိုပါကလေးငယ်ဟာ မနက်စာချက်ပြုတ်ဖို့အတွက် အိမ်အနီးနားမှာ ထင်းရှာရင်း မိုင်းနင်းမိခဲ့တာဖြစ်ပါတယ်။
မိုင်နင်းမိလို့ ခြေထောက်တဖက်ပြတ်သွားခဲ့ပြီး သူ့ကို တရုတ်နယ်စပ်က နန်ဆန် ဆေးရုံကို ပို့ဆောင်ကုသခဲ့ပေမယ့် သွေးထွက်လွန်တဲ့အတွက် ကလေးအသက်ကို မကယ်နိုင်ဘဲ ကလေးငယ် သေဆုံးသွားခဲ့တယ်လို့ (အမ်အန်ဒီအေအေ) ပြောခွင့်ရသူ ဦးထွန်းမြတ်လင်းက ပြောပါတယ်။ သေဆုံးသွားတဲ့ ကလေးငယ်နဲ့ မိသားစုတွေဟာ ကိုးကန့်လူမျိုးတွေဖြစ်တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီလ ၉ ရက်နေ့ကစတင်ခဲ့တဲ့ လောက်ကိုင်တိုက်ပွဲအတွင်း အရပ်သား ၁၀၀ ကျော်သေ ဆုံးတယ်လို့ ကိုးကန့်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ - blog.sina.com.cn
[gallery ids="83355,83356,83354"]











