မိကျောင်းကန်သပိတ်စခန်း ဖြိုခွင်းရှင်းလင်းခံရ
DVB
·
February 26, 2015
မိကျောင်းကန်သပိတ်စခန်းကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မနက် ၃ နာရီခွဲက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ လုံခြုံရေးနှင့် စည်ကမ်း ထိန်းသိမ်းရေးဌာန ရဲတွေက ဖြိုခွင်းရှင်းလင်းခဲ့ကြပါတယ်။
မိကျောင်းကန်သပိတ်စခန်းက ၁၄ ဦးနဲ့ မဟာဗန္ဓုလပန်းခြံအနီး ဈေးရောင်း ချနေတဲ့ ဈေးသည် ၄ ဦးကို ဖမ်းဆီးထိန်းသိမ်းသွားခဲ့တယ်လို့ သိရပါတယ်။ အခုလို သပိတ်စခန်းဖြိုခွင်းတာနဲ့ ပတ်သတ်ပြီး ဒီဗွီဘီက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ လုံခြုံရေးနှင့် စည်ကမ်းထိန်းသိမ်းရေးဌာန၊ ဌာနမှူးကို မေးမြန်းခဲ့ပေမယ့် ဖြေဆိုခြင်းမရှိပါဘူး။
လက်ရှိမှာတော့ မိကျောင်းကန် သပိတ်စခန်းနေရာမှာ စည်ပင်ဝန်ထမ်းတွေက ရေမြောင်းတူးခြင်း လုပ်ငန်းကို လုပ်ဆောင်နေကြပါတယ်။
သတင်းဓာတ်ပုံ - ကျော်ဇေယျာဝင်း