DVB Logo
Home
မြန်မာသတင်း
မြန်မာဘာသာဖြင့် Gmail အသုံးပြုနိုင်ပြီ
DVB
·
February 26, 2015
မြန်မာဘာသာဖြင့် Gmail အသုံးပြုနိုင်ပြီ
Donate to DVB

မြန်မာဘာသာနဲ့ Gmail အသုံးပြုနိုင်ပြီလို့ အင်တာနက် ၀န်ဆောင်မှုတွေ ပေးနေတဲ့ ဂူဂဲလ်က ဖေဖော်ဝါရီ ၂၅ ရက်က ကြေညာပါတယ်။

လူဦးရေ ၅၃ သန်းရှိတဲ့ မြန်မာနိုင်ငံက ပွင့်လင်းလာတဲ့ အတွက် အွန်လိုင်းကို လာရောက်တဲ့ လူအရေအတွက်က ပိုမိုများပြားလာတယ်လို့ ဂူဂဲလ် ထုတ်လုပ်ရေး မန်နေဂျာ ဘရိုင်ယန် ခမ်လာက သူ့ရဲ့ ဘလော့ဂ်မှာ  ပြောပါတယ်။

၂၀၁၁ ခုနှစ်မှာ မြန်မာ လူဦးရေ ၅ သိန်းခန့် အင်တာနက်ကို အသုံးပြုနိုင်ခဲ့ပြီး လက်ရှိမှာတော့ ၂.၆ သန်း အထိ တိုးတက်လာတယ်လို့ သူက ပြောပါတယ်။

ဘာသာစကားရဲ့ သိမ့်မွေ့မှုကို ဖမ်းယူပြီး ဘာသာပြန်တာတွေကို တိကျလိုက်လျော့ညီထွေ ပြည်စုံအောင် လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

မြန်မာဘာသာနဲ့ Gmail အသုံးပြုလိုသူတွေအနေနဲ့  Setting ထဲမှာဝင်ပြီး မြန်မာဘာသာ ကို ပြောင်းလဲအသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖောင့် မရှိသေးတဲ့ ကွန်ပျူတာတွေ မှာတော့ မြန်မာစာကို အမှန်အတိုင်းမြင်တွေ့ရဖို့ အခက်အခဲတချို့ ရှိနေပါသေးတယ်။

၂၀၁၃ ဧပြီကလည်း ဂူဂဲလ် ရှာဖွေရေး အင်ဂျင်ကို မြန်မာဘာသာနဲ့ လုပ်ဆောင်ခဲ့သလို မကြာခင်ကလည်း မြန်မာဘာသာနဲ့ ဂူဂဲလ်မှာ ဘာသာပြန်နိုင်ပြီ ဖြစ်ပါတယ်။

မြန်မာစာနဲ့ ထပ်တိုးလိုက်တဲ့အတွက်  Gmail ကို ဘာသာစကား ၇၄ ခုနဲ့ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013