မိုနာကိုနှင့် လေဗာကူဆင်တို့ အနိုင်ရသည့် ချန်ပီယံလိဂ်

ဖေဖော်ဝါရီ ၂၅က ယှဉ်ပြိုင်သွားတဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပြင်သစ်ကလပ် မိုနာကိုက ပရီးမီးယားလိဂ်က အာဆင်နယ်အသင်းကို ၃ ဂိုး ၁ ဂိုး၊ ဂျာမနီကလပ် လေဗာကူဆင်က စပိန်ကလပ် အက်သလက်တီကို မက်ဒရစ်အသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အာဆင်နယ်အိမ်ကွင်းမှာ ကစားခဲ့တဲ့ ဒီပွဲမှာ ကွန်ဒေါ့ဘီယာရဲ့ ဦးဆောင်ဂိုးနဲ့ ပထမပိုင်း ၃၈ မိနစ်မှာ မိုနာကိုက ဦးဆောင်ခဲ့သလို ဒုတိယပိုင်းမှာတော့ ဘာဘာတော့ဗ်က ဒုတိယဂိုး ထပ်မံသွင်းယူခဲ့ပါတယ်။ ပွဲချိန်မိနစ် ၉၀ မှာတော့ အာဆင်နယ်အသင်းက ချိန်ဘာလိန်က ချေပဂိုးသွင်းယူခဲ့ပေမယ့်လည်း နာကျင်အချိန်ပိုမှာ မိုနာကို အသင်းက နောက်တဂိုး ထပ်မံသွင်းယူခဲ့တဲ့ အတွက် ၃ ဂိုး ၁ဂိုးနဲ့ အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။ လေဗာကူဆင်နဲ့ အက်သလက်တီကို ပွဲစဉ်မှာတော့ ပွဲချိန် ၅၇ မိနစ်မှာ လေဗာကူဆင်အသင်းက ဂိုးသွင်းယူခဲ့ပြီး အနိုင်ရရှိသွားတာ ဖြစ်ပါတယ်။ ဂျာမနီ ဘွန်ဒစ်လီဂါမှာ ရုန်းကန်နေရတဲ့ လေဗာကူဆင်အသင်းအတွက်တော့ ဒုတိယအဆင့်ပြိုင်ပွဲတွေမှာ ပထမဆုံး အနိုင်ရရှိတာ ဖြစ်ပါတယ်။ ဒီပွဲမှာ အ၀ါကဒ်တွေ ၉ ကဒ်အထိ ပြသခဲ့သလို အက်သလက်တီဂိုက တီယာဂိုက အနီကတ်ထိ ထုတ်ပယ်ခံခဲ့ရပါတယ်။ [gallery ids="83256,83257,83258,83259,83264,83260,83261,83262,83263"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up