DVB Logo
Home
Lead Story
မချောငယ်ငယ် အသတ်ခံရမှု အစ်မဖြစ်သူ၏ ဖွင့်ဟချက်
DVB
·
February 25, 2015
Donate to DVB

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ဘီလူးကျွန်း မုရစ်ကလေးကျေးရွာကနေ ထိုင်းနိုင်ငံမှာ အလုပ် လာလုပ်တဲ့  အသက် ၂၂ နှစ်အရွယ်  မဖူးငယ်ငယ် (ခေါ်) မချောငယ်ငယ်ဟာ  ကော်စမွီကျွန်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက အသတ်ခံခဲ့ရပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်ကတော့ မချောငယ်ငယ် အသတ်ခံရမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့က သံသယရှိသူ သုံးဦးကို ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေ ဖော်ပြပါတယ်။

အလောင်းတွေ့ရှိတဲ့ ဖေဖော်ဝါရီ ၂၃ ရက်မှာပဲ ကော့စမွီမြို့နယ်ရဲတပ်ဖွဲ့က သေဆုံးသူ မချောငယ်ငယ်နဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားတွေကို စောင့်ကြည့်ကင်မရာ ၆ လုံး အပြင် လူသက်သေတွေပါ မေးမြန်းပြီး သံသယရှိသူတွေကို ဖမ်းဆီးစစ်ဆေးရာမှာ ထွက်ဆို ၀န်ခံသွားတာလို့ ကော့စမွီမြို့မ ရဲစခန်းက ဒုရဲမှူး ဒင်ဒုန်းထောင်း ဆရီးဆုခ်က သတင်းထောက်တွေကို ပြောပါတယ်။

မချောငယ်ငယ် အသတ်ခံရမှုအခြေအနေတွေနဲ့ ပတ်သက်ပြီး အစ်မဖြစ်သူ မစုစုကျော်ကို ဒီဗွီဘီသတင်းထောက် နန်းမြနဒီက ဆက်သွယ်မေးမြန်းထားပါတယ်။

အသံဖိုင်နားဆင်ရန်

 

ဆက်စပ်သတင်းများ ကြည့်ရှုရန်
http://burmese.dvb.no/archives/82965
http://burmese.dvb.no/archives/83007

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013