DVB Logo
Home
မြန်မာသတင်း
ကမ္ဘာပတ် နေရောင်ခြည်စွမ်းအင်သုံး လေယာဉ် မတ် ၁၀ ရက် မန္တလေး ရောက်မည်
DVB
·
February 25, 2015
ကမ္ဘာပတ် နေရောင်ခြည်စွမ်းအင်သုံး လေယာဉ် မတ် ၁၀ ရက် မန္တလေး ရောက်မည်
1 / 7
Donate to DVB

မတ်လ အစောပိုင်း အာရပ်စော်ဘွားများပြည်ထောင်စု အဘူဒါဘီကနေ ထွက်ခွာလာတဲ့ ကမ္ဘာကို ပတ်မယ့် ပထမဆုံး နေရောင်ခြည် စွမ်းအင်သုံး ဆိုလာ လေယာဉ်ဟာ မတ် ၁၀ ရက် မြန်မာနိုင်ငံ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိမှာ ဖြစ်ပါတယ်။

မိုင်ပေါင်း ၂၂၀၀ကို ၅ လကြာ ပျံသန်းမယ် ခရီးစဉ်ကို မတ်လ အစောပိုင်းမှာ အဘူဒါဘီမြို့ကနေ ထွက်ခွာမှာ ဖြစ်ပြီး မန္တလေးမှာ ၃ ရက်တာ ခရီးတထောက် ရပ်နားမှာလို့ ရန်ကုန်အခြေစိုက် ဆွစ်ဇာလန် သံရုံးက ထုတ်ပြန်ပါတယ်။

မန္တလေးမှာ ခရီးတထောက်ရပ်နားစဉ်မှာ ကျောင်းသား ၁၀၀၀ဟာ လေယာဉ်မှူးတွေနဲ့ တွေ့ဆုံခွင့်ရရှိမှာ ဖြစ်သလို အများပြည်သူကလည်း လေယာဉ်ကို အနီးကပ် လေ့လာကြည့်ရှုနိုင်မယ်လို့လည်း ထုတ်ပြန်ကြေညာပါတယ်။

ဒီဆိုလာလေယာဉ်ကို ၁၂ နှစ်ကြာ တည်ဆောက်ခဲ့ရပြီး အာရေဗီးယံ ပင်လယ်၊ အိန္ဒိယ၊ မြန်မာ၊ တရုတ်၊ ပစိဖိတ် သမုဒ္ဒရာ၊ အမေရိကန် ပြည်ထောင်စု၊ အတ္တလန္တိတ် သမုဒ္ဒရာ၊ ဥရောပတောင်ပိုင်း သို့ အာဖရိက မြောက်ပိုင်းတို့ကို ဖြတ်သန်း ပျံသန်းမှာ ဖြစ်ပါတယ်။

၂၀၁၅ ဇူလိုင် နောက်ဆုံးအပတ်မှာတော့ စတင် ထွက်ခွာလာတဲ့ အဘူဒါဘီကို ပြန်လည် ရောက်ရှိမှာ ဖြစ်ပါတယ်။

ဆိုလာလေယာဉ်ကို လေယာဉ်မှူး ဘာထရန် ပီကပ်နဲ့ အွန်ဒရီ ဘော့ရှ်ဘတ်တို့ဟာ လေထုညစ်ညမ်းမှု မရှိတဲ့ နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်ကို မောင်းနှင် တည်ဆောက်တဲ့သူတွေ ဖြစ်ပါတယ်။

ဒီလေယာဉ်ဟာ လေယာဉ်မှူး တဦးသာ လိုက်ပါစီးနင်းနိုင်ပြီး တဦးကို နေရာညပါ ၅ ရက်စီ အလှည့်ကျ မောင်းနှင်ရမှာ ဖြစ်ပါတယ်။

ကမ္ဘာတ၀န်းကို ပတ်ဖို့ ၂၅ ရက်ကြာမြင့်မှာ ဖြစ်ပေမယ့် ၅ လကြာ အချိန်ယူမောင်းနှင်မှာ ဖြစ်ပါ တယ်။
လေယာဉ်ဟာ ၁ နာရီကို ကီလိုမီတာ ၅၀ကနေ ၁၀၀ အကြား မောင်းနှင်ပြီး ကမ္ဘာတ၀န်း ကီလိုမီတာ၃၅၀၀၀ မောင်းနှင်ရမှာ ဖြစ်ပါတယ်။

[gallery ids="83153,83154,83151,83152,83147,83148,83149,83150"]

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013