DVB Logo
Home
Lead Story
ရှေးဟောင်းကားများ၏ မိုင်ရှည်ခရီးစဉ် (ဓာတ်ပုံ)
DVB
·
February 25, 2015
Donate to DVB

စင်ကာပူကနေ ပုဂံကို မိုင်ရှည်မောင်းနှင်လာတဲ့ ရှေးဟောင်းကားတွေဟာ ဖေဖော်ဝါရီ ၂၅ ရက်မှာ ပုံဂံမြို့ကို ရောက်ရှိလာပါတယ်။

ကနဦးကတော့ ကား ၈၂ စီးကို လက်ခံခဲ့ပေမယ့် မြ၀တီ နယ်စပ်ကို ရောက်ရှိလာရာမှာတော့ ကား ၆ စီးက ချွတ်ယွင်းတဲ့ အတွက် ၇၆ စီးပဲကျန်တော့တယ်လို့ ဆိုပါတယ်။ ၇ စီးကတော့ ရှေးဂန္တ၀င်ကားတွေ ဖြစ်ပါတယ်။

မြ၀တီကနေ မော်လမြိုင် ဒီကတဆင့် နေပြည်တော်ကို မောင်းနှင်လာသလို နေပြည်တော်ကနေ တဆင့် အင်းလေး၊ အင်းလေးက တဆင့် မန္တလေးကနေ တဆင့် ဖေဖော်ဝါရီ ၂၄ ရက်မှာ ပုဂံကို ရောက်ရှိလာတာ ဖြစ်ပါတယ်။

ပုဂံမှာ ခရီးစဉ်ပြီးဆုံးသွားပြီ ဖြစ်သလို ဖေဖော်ဝါရီ ၂၅ ရက်မှာတော့ ရန်ကုန်ကို ပြန်လည် မောင်းနှင်သွားမှာ ဖြစ်ပါတယ်။

ရှေးဟောင်းကား ၇၆ စီးရဲ့ Road To Mandalay ၂၆ ရက်ကြာ ခရီးစဉ်မှာ လိုက်ပါလာကြသူတွေဟာ ကမ္ဘာတ၀ှမ်း နိုင်ငံပေါင်း ၁၉ နိုင်ငံကဖြစ်ပြီး အများစုဟာ ဗြိတိန်နိုင်ငံက ဖြစ်ပါတယ်။

စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော် တန်ဖိုးရှိတဲ့ ဒီရှေးဟောင်းကားတွေကို သူတို့ နိုင်ငံအသီးသီးကနေ စင်ကာပူနိုင်ငံအထိ သင်္ဘောနဲ့ သယ်ယူလာခဲ့ကြတာပါ။ အဲ့ဒီထဲမှာ ၁၉၀၇ ခုနှစ်က အီတလီနိုင်ငံထုတ် အီတာလာကားဟာ ရှေးအကျဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁ သန်းကျော် တန်ပါတယ်။

Road To Mandalay ခရီးစဉ်ကို ဖေဖော်ဝါရီလ ၁ ရက်နေ့က စင်ကာပူနိုင်ငံကနေ စတင် တာထွက်ခဲ့ပြီး မလေးရှား၊ ထိုင်းနိုင်ငံတွေကို ဖြတ်သန်းကာ နေပြည်တော် ၊ အင်းလေး ၊ မန္တလေး၊ ပုဂံ နဲ့ ရန်ကုန်မြို့တွေကို သွားရောက်နေတာ ဖြစ်ပါတယ်။

Road To mandalay ခရီးစဉ်ကို ဗြိတိန်နိုင်ငံ အခြေစိုက် Endurance Rally Association က သုံးနှစ်ကြာစီစဉ်ခဲ့ရတာဖြစ်ပြီး ပထမဆုံး မြန်မာပြည် ခရီးစဉ်ဖြစ်ပါတယ်။ ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ အရှေ့တောင်အာရှရဲ့ ဒေသံသရ ဗဟုသုတရဖို့နဲ့ တံခါးပွင့်လာတဲ့ မြန်မာနိုင်ငံရဲ့ တောတောင်ရေမြေနဲ့ ဖြတ်သန်းသွားရာ လမ်းတလျှောက်က လူနေမှုဘ၀တွေကို လေ့လာကြဖို့ပဲဖြစ်ပါတယ်။

ဓာတ်ပုံ - အာကာမင်း

[gallery ids="83128,83129,83130,83131,83132,83133,83134,83135"]

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013