DVB Logo
Home
မြန်မာသတင်း
ပျူမြို့ဟောင်း ဟန်လင်းရှေးဟောင်း ပစ္စည်းများကို နယ်ခံဆရာတော်များ ထိန်းသိမ်းစောင့်ရှောက်
DVB
·
February 24, 2015
ပျူမြို့ဟောင်း ဟန်လင်းရှေးဟောင်း ပစ္စည်းများကို နယ်ခံဆရာတော်များ ထိန်းသိမ်းစောင့်ရှောက်
Donate to DVB

ကမ္ဘာ့အမွေအနှစ်ဖြစ်တဲ့ ပျူမြို့ဟောင်းဖြစ်တဲ့ ဟန်လင်းမြို့မှာ ရှေးဟောင်းပစ္စည်းတွေကို လေ့လာချင်တဲ့ လူတွေအတွက် ရည်ရွယ်ပြီး နယ်ခံဆရာတော်တွေက လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်နေပါတယ်။

နှစ်ပေါင်း ထောင်နဲ့ချီပြီး ရှိခဲ့တဲ့ ဟန်လင်းမြို့က ပျူယဉ်ကျေးမှုတွေကို ကုန်ဘောင်းမင်းဆက် လက်ထက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ နီးပါးက စတင်ပြီး ဆရာတော် အစဉ်အဆက်က ဟန်လင်းဒေသမှာ လက်ဆင့်ကမ်းထိန်းသိမ်းနေတယ်လို့ ဆိုပါတယ်။

ဟန်လင်း ပျူမြို့ဟောင်းရှိ ညောင်ကိုးပင်ကျောင်းဆရာတော် ဦးတေဇနိယက “ကျုပ်လက်ထပ်ကြတော့ ဒီဥစ္စာကို ထိန်းသိမ်းပြီးတော့ အားလုံး လေ့လာချင်တဲ့ ပုဂ္ဂိုလ်တွေ ရဟန်းရှင်လူပေါ့လေ။ ကျောင်းသူကျောင်းသားက စပြီးတော့ တက္ကသိုလ် ဆရာ၊ ဆရာမများထိပေါ့လေ။ခုလက်ရှိ နိင်ငံတော် အကြီးအကဲလေ့လာဖို့ရန်အတွက် ဦးဇင်းတို့ ရည်ရွယ်ချက်ထားတာပေါ့လေ။ ဒါပဲလုပ်ထားတာပါပဲ။ ခုလက်ရှိကတော့ ပျူခေတ်ပေါ့။ အများစုကတော့ ပျူဒင်္ဂါး၊ ပျူ အိုးကွဲ၊ ပျူရဲ့ ခုနက အသုံးအဆောင်ဖြစ်တဲ့ သူတို့မြေအိုးတွေကတော့ ပျူအရိုးအိုးလို့ပြောတာပေါ့။ အဲ့ခုနက ခေါင်း ၂ ခေါင်း။ ခေါင်းကြီး၂ခေါင်းကတော့ သူတို့ ဘူမိဗေဒပညာရှင် ဒေါက်တာတင်တင်သိန်းကတော့ သူရဲ့အဆိုအရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ထောင်ကျော်ကလို့ ခန့်မှန်းတယ်။”လို့ ပြောပါတယ်။

လယ်ယာ လုပ်ကိုင် ထွန်ယက်ရင်း တွေ့ရှိခဲ့တာတွေကိုတော့ ရှေးဟောင်းသုတေသနဌာနဆီ သွားရောက် အပ်နှံတာတွေ ရှိသလို ခု လက်ရှိအချိန်ထိ ဆရာတော်တွေ အစဉ်အဆက် ထိန်းသိမ်းလာခဲ့ရာမှာ မြေချင်သီး၊ မြေပုတီး၊ ကျောက်ပုတီး၊ ကျောက်လက်ကောက်၊ အရိုးပုတီး၊ အရိုးလက်ကောက်နဲ့ ခရုပုတီးတွေကို ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013