DVB Logo
Home
မြန်မာသတင်း
ပြည်ပချေးငွေကြောင့် မြန်မာ့အကြွေး ၀န်ထုတ်ဝန်ပိုး ပိုများလာ
DVB
·
February 23, 2015
Donate to DVB

နိုင်ငံတကာအကူအညီတွေနဲ့ ချေးငွေတွေကို သုံးစွဲရာမှာ   လေလွင့်မှုတွေရှိနေသလို ပြည်ပချေးငွေတွေ ရယူ တာဟာ နိုင်ငံမှာ အကြွေးဝန်ထုတ်ဝန်ပိုးများလာနေတယ်လို့ လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကိုကပြောကြားလိုက်ပါတယ်။

ဖေဖေါ်ဝါရီလ ၂၃ ရက်ပြည်သူ့လွှတ်တော်မှာ  နိုင်ငံတကာထောက်ပံ့ငွေတွေကို မျှတစွာ ခွဲဝေသုံးစွဲနိုင်ခြင်းနဲ့ လေလွင့်ဆုံးရှုံးမှုလျော့နည်းပပျောက်အောင် ပြန်စစ်ဆေးကြပ်မတ်နိုင်ခြင်းရှိမရှိ မေးမြန်းခဲ့တဲ့  ကံပက်လက် မဲဆန္ဒနယ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် သူရဦးအောင်ကို ကပြောကြားလိုက်တာပါ။

ဒီမေးမြန်းချက်နဲ့ပတ်သက်ပြီး အမျိုးသားစီမံကိန်းနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ဒု-၀န်ကြီးဒေါ်လဲ့လဲ့သိန်းက  နိုင်ငံတကာထောက်ပံ့ငွေ၊ ချေးငွေများကို ကဏ္ဍအလိုက် ခွဲဝေသုံးစွဲရာတွင် ဆုံးရှုံးမှုအသုံးစရိတ်များ မဖြစ်ပေါ်စေရေးအတွက် စီမံကိန်းများနှင့် စပ်လျဉ်းသော အခြေအနေများကို စောင့်ကြပ်ကြည့်ရှုခြင်း၊ အကဲဖြတ်ခြင်းများကိုဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ စီမံကိန်းအကောင်အထည်ဖော်သည့် ဝန်ကြီးဌာနများတွင် စီမံကိန်းကြီးကြပ်ရေးယူနစ်များကို ထားရှိပြီး လစဉ်စီမံကိန်းပြီးစီး အကောင်အထည်ဖော်မှုအခြေအနေကို အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနကို မိတ္တူပေးပို့၍ အစိုးရ အဖွဲ့ရုံးကို ပုံမှန်တင်ပြလျက်ရှိကြောင်း လွှတ်တော်မှာ  ပြောကြားသွားပါတယ်။

ဒါ့ပြင် နိုင်ငံတော်အနေဖြင့် ပြုပြင်ပြောင်းလဲမှုအဆင့်‌ဆင့်ကို ပြည်သူဗဟိုပြုဖွံ့ဖြိုးမှု မူဝါဒအရ ဦးစားပေးကဏ္ဍများ ဖော်ထုတ်ပြီး နိုင်ငံခြားအကူအညီအထောက်အပံ့တွေကို ဖွံ့ဖြိုးမှုစီမံချက်များအနေဖြင့် ဆောင်ရွက်သည့်အခါတွင် ပြည်သူကို တိုက်ရိုက်အကျိုးဖြစ်ထွန်းစေမည့်  ဦးစားပေးလုပ်ငန်းစဉ် ခုနစ်ရပ်ဖြစ်သော လျှပ်စစ်မီး၊ သောက်သုံးရေရရှိရေး၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးမှု၊ အလုပ်အကိုင်ရရှိရေး၊ ခရီးသွားလုပ်ငန်း၊ ငွေကြေးလုပ်ငန်းနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေမှာ ဆောင်ရွက်လျက်ရှိပါကြောင်းလည်းပြောသွားပါတယ်။

သူရဦးအောင်ကိုကတော့ နိုင်ငံတကာ အကူအညီတွေ အပေါ်မှာ သုံးစွဲတဲ့ဝန်ကြီးဌာနတွေအနေနဲ့ အကျင်ပျက်ခြစားမှုတွေတိုးပွားလာတာကြောင့် နိုင်ငံစီးပွားရေးကို ထိခိုက်နိုင်တယ်၊ နိုင်ငံတကာ ထောက်ပံကူညီမှုတွေကို ရယူမဲ့အစား နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေများများ ၀င်ရောက် လာအောင် လုပ်ဆောင်သင့်တယ်လို့  အကြံပြု ပြောပါတယ်။

လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ  စီမံချက် ၂၆ ခုအတွက် ချေးငွေ  အမေရိကန်ဒေါ်လာ ၃၈၅၂.၉၂၈ သန်းချေးယူဖိုရ  ညှိနှိုင်းထားတဲ့ အနက် ကန်ဒေါ်လာ သန်း ၁၅၀.၇၃၄ သန်း ရရှိပြီးပြီးလို့   ဒုဝန်ကြီးဒေါ်လဲ့လဲ့သိန်းကပြောပါတယ်။

မြန်မာနိုင်ငံကို အလှူရှင်နိုင်ငံ ၂၂ နိုင်ငံ၊  ကုလသမဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကနေပေးအပ်တဲ့ အကူအညီဟာ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်မှ ၂၀၁၄ နှစ်ကုန်ထိ စီမံချက် ၅၆၂ ခုအတွက် အမေရိကန်ဒေါ်လာ ၂၉၅၄.၄၂၁ သန်းနဲ့  ဆောင်ရွက်နေပြီး  ရရှိပြီးပမာဏ ကန်ဒေါ်လာ ၁၄၇၁.၃၂၇ သန်း ရှိတယ်လို့  ပြည်ထောင်စု ၀န်ကြီးရဲ့ပြောကြားချက်အရသိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013