DVB Logo
Home
မြန်မာသတင်း
တရားမ၀င် ၀င်ရောက်မှုဖြင့် မြန်မာ ၆၈ ဦး ထိုင်းက ဖမ်းဆီး
DVB
·
February 23, 2015
တရားမ၀င် ၀င်ရောက်မှုဖြင့် မြန်မာ ၆၈ ဦး ထိုင်းက ဖမ်းဆီး
1 / 4
Donate to DVB

ထိုင်းနိုင်ငံ အနောက်မြောက်ပိုင်း ချိုင်းနတ်ခရိုင်ထဲကို တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာနိုင်ငံ သားတွေနဲ့ ခေါ်ဆောင်လာတဲ့ ထိုင်းနိုင်ငံသား ယာဉ်မောင်း ၂ ဦးကို ဖမ်းဆီးထားတယ်လို့ ထိုင်းရတ် သတင်း မှာ ဖော်ပြပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်က ထိုင်းနယ်စပ်ကနေ ဘန်ကောက် ပထုန်ဌာနီခရိုင်ကို ဦးတည်သွားမယ့် မြန်မာနိုင်ငံသား စုစုပေါင် ၆၈ ဦးကို  ချိုင်းနတ်ခရိုင် မနိုလုမ်းမြို့နယ် တေချနန်းကျေးရွာအုပ်စု အာရှလမ်းမကြီး ကီလိုတိုင်အမှတ် ၁၄၉ မှာ ဖမ်းမိခဲ့တာလို့ မနိုလုမ်းမြို့နယ် ရဲစခန်းက တာဝန်ကျစခန်းမှူး ဂျေစဒါး ဆူမ်နတ်က သတင်းထောက်တွေကို ပြောပါတယ်။

ဆက်လက်စစ်ဆေးချက်အရ သူတို့အားလုံးဟာ တာ့ခရိုင် မဲဆောက်မြို့ကနေ ဘန်ကောက်အတွင်းပိုင်းကို အလုပ်သွားလုပ်ဖို့ဖစ်ပြီး  တဦးကို ဘတ် ၁၂၀၀၀ နှုန်းစီနဲ့ သယ်ဆောင်ခဲ့တာလို့ ကားသမားတဦးက ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားမ၀င် ၀င်ရောက်လာသူအားလုံးနဲ့ သယ်ဆောင်လာသူ ထိုင်းလူမျိုး ၂ ဦးကိုပါ တရားဥပဒေအရ အရေးယူသွားမယ်လို့ စခန်းမှူးက သတင်းထောက်တွေကို ပြောသွားပါတယ်။

ဓာတ်ပုံ - dailynews.co.th

[gallery ids="82850,82851,82852,82853"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013