A d v e r t i s e m e n t With Us

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မြန်မာနိုင်ငံ သွားရောက်ခဲ့ဟုဆို

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ ဖေဖော်ဝါရီလအတွင်းက မြန်မာနိုင်ငံကို အလည်အပတ်သွားရောက်ခဲ့ပါတယ်။ သက်ဆင် မြန်မာပြည်ရောက်နေတဲ့ပုံကို ဖေဖော်ဝါရီ ၂၂ ရက်မှာ အမတ်ဟောင်း ဆုရချတ် ချိတ်ကိုဆောင်က လူမှုရေးကွန်ရက် စာမျက်နှာမှာ တင်လိုက်တာလို့ ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ်သတင်းက ရေးပါတယ်။ Thaksinဒီဓာတ်ပုံကို မြန်မာမှာ ရင်းနှီးမြှုပ်နှံဖို့ သွားလုပ်တဲ့ စီးပွားရေးသမား သူငယ်ချင်းထံကနေ ရခဲ့တာလို့ သူက ပြောပါတယ်။ သူငယ်ချင်းရဲ့ နာမည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိသလို ဖေဖော်ဝါရီ ၅ ရက်က သူတို့ ၂ ဦး ရွှေတိဂုံ စေတီမှာ  တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဓာတ်ပုံရပြီးတဲ့နောက် ရက်အတော်ကြာမှ လူမှုရေးကွန်ရက်ကို တင်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပြီး သက်ဆင်က သူရဲ့သူငယ်ချင်းနဲ့ အစိုးရ၊ အငယ်ဆုံး ညီမနဲ့ ယင်လပ်အကြောင်း ပြောဆိုတယ်လို့ ဆိုပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေအတွက် တံခါးပွင့်လာတဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ်လို့ သက်ဆင်က ပြန်ပြောတယ်လို့လည်း လွှတ်တော်အမတ်ဟောင်းက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up