Home
သတင်းဓာတ်ပုံ
ပြည်မြို့တွင် ယာဉ် ၂ စီး တိုက်မှု ဖြစ်ပွား၊ ၃ ဦး ဒဏ်ရာရ
DVB
·
February 22, 2015
ပဲခူးတိုင်း ပြည်မြို့မှာ ဖေဖော်ဝါရီ ၂၁ ရက်နေ့က မော်တော်ယာဉ် ၂ စီး မျက်နှာချင်းဆိုင်တိုက်မိပြီး  ယာဉ်မောင်းသမား ၂ ဦးနဲ့ လိုက်ပါလာသူ ၁ ဦးတို့ ဒဏ်ရာရခဲ့ပါတယ်။ ပြည်-ပေါက်ခေါင်း ကားလမ်း မှော်ဇာရှေးဟောင်း သရေခေတ္တရာမြို့ဟောင်းဇုန် လမ်းခွဲထိပ်က မိုင်တိုင်အမှတ် (၄/၀) နဲ့ (၄/၁) အကြား တံတားမှာ မတော်တဆ တိုက်မှုဖြစ်ပွားခဲ့တာပါ။ ယာဉ်မောင်း ကိုအေးနိုင်၊ ကိုဝင်းနိုင် နဲ့အတူ လိုက်ပါလာတဲ့ ကိုတေဇာလွင်တို့ လက်မောင်း နဲ့ ခါးဒဏ်ရာတွေရတာကြောင့် ပြည်မြို့ကုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးမှာ ကုသမှုခံယူနေရပါတယ်။ ယာဉ်မောင်း ၂ ဦးကိုတော့ ပြည်အမှတ် ၃ ရဲစခန်းက ယာဉ်ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ၃၃၇/၃၃၈ နဲ့ အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။ ဓာတ်ပုံ - မင်းညို [gallery ids="82713,82714,82715,82716"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024