Home
မြန်မာသတင်း
မြန်မာ့ခရီးသွားမူဝါဒ လိုအပ်ချက်များရှိဟု သုတေသနစစ်တမ်းကဆို
DVB
·
February 21, 2015
တာဝန်သိ မြန်မာ့ ခရီးသွားလုပ်ငန်းဖြစ်ရေး အစိုးရက မူဝါဒများ ချမှတ်ခဲ့ပေမယ့် အရင်းအမြစ်နဲ့ လုပ်နိုင်စွမ်းမရှိတဲ့အတွက် အကောင်ထည်ဖော်ရာမှာ လိုအပ်ချက်တွေရှိတယ်လို့ မြန်မာ့စီးပွားရေး ကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (အမ်စီအာဘီ)က ထုတ်ပြန်လိုက်ပါတယ်။ ဖေဖော်ဝါရီ ၂၀ ရက်က ထုတ်ပြန်တဲ့ “အရည်အသွေးရှိ ရေရှည်တည်တံ့သည့် ခရီးသွားလုပ်ငန်း ခရီးစဉ် မြန်မာစတင်နိုင်မလား”ဆိုတဲ့ မြန်မာ့ခရီးသွားလုပ်ငန်းကဏ္ဍကို သုတေသန ပြုလုပ်ထားတဲ့ အစီရင်ခံစာမှာ အခုလို ရေးသားထားတာ ဖြစ်ပါတယ်။ Pagan 2လက်ရှိမှာတော့ အခြေခံအဆောက်ဦ အထူးသဖြင့် ဟိုတယ်တည်ဆောက်ရေး အခက်အခဲတွေကို ပို အာရုံစိုက်နေပေမယ့် ပတ်ဝန်းကျင်အရ အထိခိုက်မခံဘဲ မြေယာလိုအပ်ချက်ရှိနေတဲ့ နေရာတွေမှာ ဟိုတယ်အမြောက် အမြားအတွက်  ဟိုတယ်ဇုန်တွေ လုပ်ဆောင်နေတာကိုလည်း မြန်မာက ထိန်းသိမ်းဖို့ လိုတယ်လို့ အမ်စီအာဘီရဲ့ ညွှန်ကြားရေးမှူး ဗစ်ကီ ဘိုးမန်းက ပြောပါတယ်။ ဟိုတယ်ဇုန်တွေကြောင့် မကောင်းတဲ့ အကျိုး သက်ရောက်မှုတွေ ရှိနေတာကို သုတေသန လုပ်ဆောင်ရင်းတွေ့ခဲ့ရတယ်လို့လည်း သူက ပြောပါတယ်။ ဟိုတယ်ဇုန်တွေနဲ့ ပတ်သက်တဲ့ မကောင်းတဲ့ အကျိုးသက်ရောက်မှုကတော့  ကျေးလက်နေသူတွေ အတွက် အရေးပါတဲ့ မြေယာပိုင်ဆိုင်မှုဟာ အလွယ်တကူ ခေါင်းပုံဖြတ်ခံရသလို အစိုးရသစ်လက်ထက် အသစ်ရေးဆွဲထားတဲ့ မြေယာဥပဒေအရ အကာအကွယ်ပေးဖို့ အကန့်အသတ် ရှိနေတယ်လိုလည်း အစီရင်ခံစာမှာ ရေးပါတယ်။ မြေယာပြုပြင်ပြောင်းလဲရေးနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေဟာ ပြည့်စုံခြင်းမရှိသလို ဥပဒေ အသစ်နဲ့ အဟောင်းရောနှောထားတဲ့ အတွက် ရှေ့နောက်မညီတာ ရှုပ်ထွေးနေသလို လူတွေ မြေယာနဲ့ ပတ်သက်ရင် ခံစားခွင့်မပေးဘဲ ပိတ်ထားတယ်လို့ ဆိုပါတယ်။ ခရီးသွားလုပ်ငန်းကြောင့် ပုဂံ၊ အင်းလေး၊ ကျိုက်ထိုမှာတော့ ပတ်ဝန်းကျင်နဲ့ ဒေသခံတွေရဲ့ နေထိုင်မှုစတဲ့ လူမှုရေး ဖိအားတွေကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ လက်ဆုပ်လက်ကိုင်ရှိတဲ့ မြန်မာယဉ်ကျေးမှုနဲ့ လက်ဆုပ်လက်ကိုင်မရှိတဲ့ ယဉ်ကျေးမှုတွေကလည်း ခရီးသွားအမြောက်အမြားကြောင့် မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ခရီးသွားတွေအတွက်  မသင့်တော်တဲ့ လုပ်ရပ်တွေကိုလုပ်ဆောင်တာ အမှန်တကယ်ရှိနေတဲ့ မြန်မာရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို ပျက်စီးဆုံးရှုံး စေတာတွေကို ဆောက်လုပ်တာတွေကို စီးပွားရေး အတွက် လုပ်ဆောင်ရင်း မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်ကို မပျက်စီးစေသင့်ဘူး လို့လည်း ဆိုပါတယ်။ ဒါအပြင် ခရီးသွားလုပ်ငန်းတိုးတက်မှု အတွက် လုပ်ဆောင်တဲ့ ဆုံးဖြတ်ချက်တွေမှာ လူထုတွေကို လုံလုံလောက်လောက် ပါဝင်ခွင့် မရှိတာကို တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ရန်ကုန် အခြေစိုက် အမ်စီအာရ်ဘီအဖွဲ့ဟာ မြန်မာနိုင်ငံတ၀န်း တာဝန်ယူမှုရှိတဲ့  စီးပွားရေး လုပ်ငန်းဆောင်ရွက်မှုတွေကို အားပေးတဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024