DVB Logo
Home
မြန်မာသတင်း
ပစ်ခတ်မှုတွေရပ်တန့်ရန် ကိုးကန့်တိမ်းရှောင်အဖွဲ့ ကမ်းလှမ်း
DVB
·
February 17, 2015
ပစ်ခတ်မှုတွေရပ်တန့်ရန် ကိုးကန့်တိမ်းရှောင်အဖွဲ့ ကမ်းလှမ်း
Donate to DVB

ကိုးကန့်ဒေသမှာ လတ်တလော ဖြစ်ပွားနေတဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေရပ်တန့်ဖို့ ဦးဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်တိမ်းရှောင်အဖွဲ့က သမ္မတထံ ကမ်းလှမ်းလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက် နေ့စွဲနဲ့ သမ္မတ ဦးသိန်းစိန်ထံ အိပ်ဖွင့်ပေးစာ ပေးပို့ခဲ့တာဖြစ်ပြီး ကိုးကန့်ဟာ ပြည်ထောင်စုထဲက တိုင်းရင်းသားတမျိုးဖြစ်ကြောင်း၊ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေးကို လိုလားကြောင်း၊ ကိုယ့်အိမ်ကိုယ်ပြန်ကာ နိုင်ငံတော်က ပေးအပ်တဲ့ တာဝန်ဝတ္တရားကို ပူးပေါင်း ဆောင်ရွက်လိုကြောင်း စာထဲမှာ ဖော်ပြပါတယ်။

ဒါ့အပြင် သမ္မတအနေနဲ့ တိုင်းရင်းသားရင်ကြားစေ့ရေးကို သော့ချက်အဖြစ် အသုံးချပြီး ငြိမ်းချမ်းရေး တံခါးဖွင့်ပေးဖို့လည်း တောင်းဆိုထားပါတယ်။

လတ်တတော လောက်ကိုင်မြို့တွင်း ပစ်ခတ်မှုတွေမှာ သေဆုံးသူ ဒေသခံ တစ်ရာကျော် ရှိသွားပြီဖြစ်ပြီး တိုက်ခိုက်မှုတွေဟာ ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးစေတဲ့အတွက် ရပ်တန့်ပေးဖို့ မေတ္တာရပ်ခံကြောင်း ကိုးကန့်တိမ်းရှောင်လက်နက်ကိုင်တပ်ဖွဲ့ (အမ်အန်ဒီအေအေ) ပြောရေးဆိုခွင့်ရှိ သူ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

မြန်မာအစိုးရကတော့ ကိုးကန့်ဒေသမှာ ကိုးကန့်တိမ်းရှောင် အဖွဲ့နဲ့ အခြားလက်နက်ကိုင် အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေဟာ ဒေသခံပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက် စေခဲ့တဲ့အကြောင်းနဲ့ အစိုးရနဲ့ တပ်မတော် အနေဖြင့် ဒေသခံပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုရှိရေး၊ ကိုးကန့်ဒေသမှာ ငြိမ်းချမ်းရေး၊ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုး မှုရှိရေးတို့ အတွက် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေလုပ် သွားမယ်လို့ ကြေညာ ထားပါတယ်။

ဦးဖုန်ကြားရှင်ဦးဆောင်တဲ့ မြန်မာအမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (အမ်အန်ဒီအေအေ)ဟာ ၁၉၈၉ ခုနှစ်မှာ အစိုးရနဲ့ ပထမဆုံး အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်ပြီး လောက်ကိုင်ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပေးအပ်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ နယ်ခြားစောင့်တပ်အသွင်ကူးပြောင်းရေးကို ငြင်းဆန်အပြီး အစိုးရက တိုက်ထုတ်ခဲ့ပါတယ်။

၅ နှစ်ကျော်ကြာ ပျောက်ဆုံးနေတဲ့ ကိုးကန့်တိမ်းရှောင်အဖွဲ့ရဲ့ခေါင်းဆောင် ဦးဖုန်ကြားရှင်ဟာ မကြာသေးခင်က တရုတ်မီဒီယာကနေ အင်တာဗျူးမှာ မြန်မာအစိုးရကို ပြန်လည်တိုက်ခိုက်မယ်လို့ ဖြေကြားခဲ့ပြီး လွန်ခဲ့တဲ့သတင်းပတ်က လောက်ကိုင်က ဒေသကွပ်ကဲမှု စစ်ဌာနချုပ်ကို ၀င်ရောက်တိုက်ခိုက်ပြီး တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013