DVB Logo
Home
မြန်မာသတင်း
ကိုးကန့်နယ်ခြားစောင့်တပ် ဦးဖုန်ကြားရှင်အဖွဲ့နှင့် ပူးပေါင်း
DVB
·
February 17, 2015
ကိုးကန့်နယ်ခြားစောင့်တပ် ဦးဖုန်ကြားရှင်အဖွဲ့နှင့် ပူးပေါင်း
Donate to DVB

အစိုးရလက်အောက်ခံ ကိုးကန့်နယ်ခြားစောင့်တပ်ရင်းတစ်ရင်းဟာ အစိုးရတပ်တွေနဲ့ တိုက်ခိုက်နေတဲ့ ဦးဖုန်ကြားရှင် ခေါင်းဆောင်တဲ့ ကိုးကန့်တိမ်းရှောင်တပ်တွေနဲ့ ပူးပေါင်း လိုက်ပါတယ်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့က တပ်ရင်းမှူး ရန်ရှောင်ကျင့် ဦးဆောင်တဲ့ ကိုးကန့်နယ်ခြားစောင့်တပ် အမှတ် ၁၀၀၆ က တပ်ရင်းတစ်ခုလုံး သူတို့အဖွဲ့နဲ့ လာရောက်ပူးပေါင်း ခဲ့တယ်လို့ ကိုးကန့်တိမ်းရှောင်တပ်လို့ လူသိများတဲ့ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့ (အမ်အန်ဒီအေအေ) ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်း က ဒီဗွီဘီကို ပြောပါတယ်။

ရှမ်းပြည်အရှေ့မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲမှာ တိုက်ပွဲ အပြင်း အထန်ဖြစ်ပွားနေစဉ်ကာလမှာ ပူးပေါင်းကြတာဖြစ်ပြီး ပူးပေါင်းတဲ့ အင်အား၊ လက်နက် အပါအ၀င် အသေးစိတ်ကိုတော့ ဦးထွန်းမြတ်လင်းက ဖြေကြားခြင်းမရှိပါဘူး။

ဦးဖုန်ကြားရှင်ဦးဆောင်တဲ့ကိုးကန့်တပ်ဟာ ၂၀၀၉ ခုနှစ်မှာ နယ်ခြားစောင့်တပ်ဖွဲ့ဖို့ကို ငြင်းဆန်ခဲ့အပြီးမှာ အစိုးရက မူးယစ်ဆေးဝါးလုပ်တယ်ဆိုပြီး တပ်မတော်က တိုက်ခိုက် မောင်းထုတ်ခဲ့တာဖြစ်ပြီး ကိုးကန့် အင်အားစုတချို့က နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013