A d v e r t i s e m e n t With Us

ရန်ကုန်ဝင်ရင် ရေနစ်မည်ဟု အစိုးရပြောကြားချက် ခြိမ်းခြောက်မှုဆန်ဟု ဗကသပြော

ရန်ကုန်ကို ချီတက်နေတဲ့ သပိတ်စစ်ကြောင်းတွေနဲ့ ပတ်သက်ပြီးတော့ အစိုးရရဲ့ ပြောကြားချက်တွေဟာ ခြိမ်းခြောက်မှုဆန်နေတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် (ဗကသ)က ပြောပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက် ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပညာရေးဒုတိယဝန်ကြီး ဦးသန့်ရှင်းက တောင်းဆိုထားတဲ့ အချက် ၁၁ ကို အကုန်လုံးနီးပါး ပေးလိုက်လို့ လုပ်ပေးနိုင်တဲ့ လုပ်ငန်းစဉ် ကုန်ဆုံးသွားပြီဖြစ်ကြောင်း၊ ရန်ကုန်ဟာ ရေနက်တဲ့နေရာဖြစ်လို့ သပိတ်စစ်ကြောင်းတွေအနေနဲ့ ရန်ကုန်ကို ချီတက်ရင် ရေနစ်မယ်လို့ ပြောဆိုလိုက်ပါတယ်။ [caption id="attachment_81713" align="aligncenter" width="569"]10367135_847172791987889_6929960285506698015_n ပညာရေးဒုဝန်ကြီး ဦးသန့်ရှင်း[/caption] “လုပ်ငန်းစဉ်က  ကုန်သွားတဲ့အတွက် ရန်ကုန်ကိစ္စနဲ့ ပတ်သက်လို့ကတော့ ရန်ကုန်သည် ရေနက်တဲ့နေရာမှာဖြစ်တယ်။ ရေနက်တဲ့နေရာမှာဖြစ်တဲ့အတွက် ကူးတတ်သည် ဖြစ်စေ၊ မကူးတတ်သည်ဖြစ်စေ အခြေအနေအကြောင်းမလှရင် ရေနစ်သွားတတ်တယ်။ အဲ့တော့ ရေကူးချင်ရင်တော့ ရေမနက်တဲ့နေရာမှာကူးပါ။ ဒါသည်ပြည်သူအတွက်လည်းကောင်းတယ်။ ရန်ကုန်နေလူထုတွေအတွက်လည်း ကောင်းတယ်။ ကိုယ့်ရဲ့ဆန္ဒတခုတည်းနဲ့လုပ်တာနဲ့တော့ ဒီမှာရေနစ်သွားလို့ရှိရင် လူကြီးက စဉ်းစားတတ်လျက်နဲ့ မတားမြစ်ရကောင်းလားဆိုပြီး ဖြစ်လာမယ်။ ဒါကြောင့်မို့ ဦးတို့က ရပ်တန့်ပေးဖို့ပြောရတာပါ” လို့ ဦးသန့်ရှင်းက ပြောပါတယ်။ [caption id="attachment_81715" align="alignleft" width="274"]ကိုရဲရင့်ကျော် ကိုရဲရင့်ကျော်[/caption] ဒီပြောကြားချက်အပေါ် ဗကသ ပြောခွင့်ရ ကိုရဲရင့်ကျော်က “ရေကူးကျွမ်းကျင်လား၊ မကျွမ်းကျင်လား အဲဒီရေနက်ကြီးကို အေးအေးဆေးဆေး လက်ပိုက်ကြည့်လိုက်ပါ၊ ကျောင်းသားတွေ ကူးပြပါလိမ့်မယ်၊ ရန်ကုန်ကို မ၀င်နဲ့ပြောပြီးတော့ ရန်ကုန်တိုင်းနဲ့ ပဲခူးတိုင်း အစပ်လောက်ကနေစပြီးတော့  တားဆီးမှုတွေ ပြင်ဆင်နေတာကတော့ ဘာသဘောလဲ မသိဘူး၊ ချထားတာကတော့ ဘာသဘောလဲ မသိဘူး၊ ရန်ကုန်မြို့ကို မ၀င်နဲ့ ပြောချင်တာလား၊ ရန်ကုန်တိုင်းကို မ၀င်နဲ့ ပြောချင်တာလား အစိုးရအနေနဲ့ သဲသဲကွဲကွဲ ပြောထားတာ မရှိသေးပါဘူး” လို့ သူက ပြောပါတယ်။ လက်ရှိ ကြို့ပင်ကောက်မှာရှောက်ရှိနေတဲ့ ပင်မ ကျောင်းသားသပိတ်စစ်ကြောင်းက အုတ်ဖိုကို ဆက်လက် ချီတက်နေပြီး  မြို့တိုင်းမှာ ရပ်မိရပ်ဖတွေက စိုးရိမ်ပူပန်မှုတွေကို လာရောက်ပြောဆိုကြတယ်လို့ ကိုရဲရင့်ကျော်က ပြောပါတယ်။ သတင်း - ကိုထွေး၊ ကျော်ဇေယျာဝင်း

A d v e r t i s e m e n t With Us

More News
Up