Home
မြန်မာသတင်း
ဦးဖုန်ကြားရှင် လောက်ကိုင် အာဏာသိမ်းမှု လက်မခံဟု ကာချုပ်ပြော
DVB
·
February 15, 2015
ဦးဖုန်ကြားရှင်း ဦးဆောင်တဲ့ ကိုးကန့် တိမ်းရှောင်အဖွဲ့က လောက်ကိုင်ဒေသကို တိုက်ခိုက်သိမ်းပိုက်ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့ကို ဖြုတ်ချ အာဏာသိမ်းဖို့ ကိစ္စကို တပ်မတော်က လက်မခံကြောင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ နေပြည်တော်မှာ ဖေဖော်ဝါရီ ၁၄ ရက် စာနယ်ဇင်းကောင်စီ (ယာယီ)နဲ့ တွေ့ဆုံရာမှာ လတ်တလော ဖြစ်ပွားနေတဲ့ တရုတ်-မြန်မာ နယ်စပ် လောက်ကိုင်ဒေသက တိုက်ပွဲတွေနဲ့ပတ် သက်လို့ ရှင်းလင်း ပြောဆိုခဲ့တယ်လို့ အစိုးရက  သတင်းထုတ်ပြန်ထားပါတယ်။ လောက်ကိုင်ဖြစ်စဉ်ဟာ အချုပ်အခြာအာဏာနဲ့ သက်ဆိုင်တဲ့ကိစ္စဖြစ်သလို  နိုင်ငံတော် အစိုးရရဲ့ အစိတ်အပိုင်းတခုကို တိုက်ခိုက်လာတာကို လက်မခံသလို ဒီဖြစ်စဉ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့လည်း ပါဝင်နေသလို သက်ဆိုင်ရာ အဖွဲ့များက တာဝန်ယူရမယ်လို့ ပြောဆိုသွားပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး သမ္မတက တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးကို ဖေဖော်ဝါရီ ၁၂ ရက်က လက်မှတ်ထိုးဖို့ ကြိုးစားခဲ့သလို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင် အဆိုပြုတင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ လက်နက်ချဖို့ ပြောတာ မဟုတ်သလို ဖေဖော်ဝါရီ ၁၂ ရက်မှာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးကို လတ်မှတ်မထိုးနိုင်ဘဲ ဆက်လက် ဆောင်ရွက်ရမယ့် ကတိက၀တ်ကို လက်မှတ်ရေးထိုးနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါအပြင်  ကာကွယ်ရေးဦးစီးချုပ်ဟာ ပြည်တွင်း သတင်းမီဒီယာ ၆ ဖွဲ့နဲ့လည်း တွေ့ဆုံမေးမြန်းခွင့်ပြုခဲ့ပြီး မီဒီယာတွေက လောက်ကိုင်ဒေသ တိုက်ပွဲအခြေအနေကို အဓိကထား မေးမြန်းခဲ့တယ်လို့ ဆိုပါတယ်။ [gallery ids="81686,81684,81685,81681,81682,81683"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024