A d v e r t i s e m e n t With Us

သပိတ်မှောက်ကျောင်းသား မိဘများကို ဧရာဝတီတိုင်း ၀န်ကြီးချုပ် ခေါ်ယူတွေ့ဆုံ

ဒီမိုကရေစီပညာရေး ဧရာဝတီသပိတ်စစ်ကြောင်းမှာပါဝင်တဲ့ ကျောင်းသားမိဘတချို့ကို ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးသိန်းအောင်က ဒီနေ့မနက် ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ ဝန်ကြီးချုပ်က  တွေ့ဆုံဖို့ ခေါ်ကြောင်း ပုသိမ်မြို့နယ်နဲ့ ရပ်ကျေးအုပ်ချုပ်ရေး အဖွဲ့တွေက လာရောက်ပြောဆိုခဲ့တာလို့ ကျောင်းသားမိဘတွေက ပြောပါတယ်။ သပိတ်မှောက်ကျောင်းသားတွေကို ပြန်ခေါ်ဖို့နဲ့ ထိန်းသိမ်းပေးဖို့ ၀န်ကြီးချုပ်က ပြောကြားခဲ့တယ်လို့ သွားရောက် တွေ့ဆုံတဲ့ ကျောင်းသားမိဘ ဒေါ်စန်းစန်း​ဌေးက ဆိုပါတယ်။ “ပြောတာကတော့ ကလေးတွေကို ထိန်းသိမ်းပေးဖို့၊ ဧရာဝတီတိုင်းအတွင်းမှာတော့ ဘာမှ မဖြစ်စေရဘူး။ ကျောင်းသားတွေ သွေးမြေမကျစေရဘူး၊ သူတာဝန်ယူတယ်ပေါ့။" ၀န်ကြီးချုပ်က အခုလို ပြောကြားပေမယ့် ကလေးတွေရဲ့ ဆန္ဒအတိုင်း ဖြစ်ကြောင်း၊ သူ့အနေနဲ့တော့ သပိတ်တိုက်ပွဲကို ဆက်လက်ဆင်နွှဲစေလိုတယ်လို့ ပြောပါတယ်။ ဧရာဝတီသပိတ်စစ်ကြောင်းကို ကျောင်းကုန်းမြို့အ၀င်မှာ ခွင့်ပြုမိန့်တင်ဖို့ မြို့နယ်ရဲတပ်ဖွဲ့မှူးက လာရောက်ပြောဆိုခဲ့ပေမယ့် ပြည်သူ ၃၀၀၀ ကျော်က   ကြိုဆိုခဲ့ကြပါတယ်။ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ဧရာဝတီကျောင်းသားသပိတ်စစ်ကြောင်းဟာ ကျောင်းကုန်းမြို့မှာ မနေ့က ညအိပ်ရပ်နားခဲ့ပြီးနောက် ခရီးရှည်ချီတက်မှု တတိယမြောက်နေ့အဖြစ် ရန်ကုန်ကို ဒီနေ့ ဆက်လက်ချီတက်နေပါတယ်။ ကျောင်းသားတွေနဲ့ အစိုးရအကြား အမျိုးသားပညာရေးပြင်ဆင်ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို အစိုးရက ဖေဖော်ဝါရီ ၁၂ ရက်နေ့ နောက်ပိုင်းကို ရွှေ့ဆိုင်းထားပါတယ်။ ဓာတ်ပုံ - zaw yann [gallery ids="80162,80163,80164,80165"]

A d v e r t i s e m e n t With Us

More News
Up