Home
မေးမြန်းခန်း
၎ ပွင့်ဆိုင်ဆွေးနွေးပွဲ ရပ်ဆိုင်းသည့်ကိစ္စ ဒေါ်နန်းဝါနုကို မေးမြန်းချက်
DVB
·
February 4, 2015
960x540x10635777_841314152573753_7785892917133860102_n.jpg.pagespeed.ic.kZrbT5E1vV
13701_842034092501759_4728991565967383287_n
အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နောက်ပိုင်းကျမှ ပြန်လည်စတင်ဖို့ အစိုးရဘက်က ရွှေ့ဆိုင်းခဲ့ပါတယ်။ မနေ့က နေပြည်တော် ပညာရေးဝန်ကြီးဌာနမှာ အစိုးရ၊ လွှတ်တော်၊ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုဦးဆောင်ကော်မတီနဲ့ ပညာရေးစနစ်ပြုပြင် ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) အဖွဲ့ကိုယ်စားလှယ်တွေ ရောက်ရှိကြပေမယ့် အစည်းအဝေးအစီအစဉ် အကျပ်အတည်းတခုအပေါ် တိုင်ပင်ညှိနှိုင်းမှုမရှိဘဲ ရွှေ့ဆိုင်းခဲ့ပါတယ်။ ဒီအပေါ် အစည်းအဝေးပွဲရောက်ခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စာလှယ်ဒေါ်နန်းဝါနုကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ [caption id="attachment_40015" align="alignleft" width="332"]ဒေါ်နန်းဝါနု ဒေါ်နန်းဝါနု[/caption] မနေ့တုန်းက ၄ ပွင့်ဆိုင်ဆွေးနွေး ပွဲမှာ ကျောင်းသားတွေ ဘက်က မရောက်လာဘဲ ကြန့်ကြာနေတယ်ဆိုပြီး အစိုးရက သတင်းထုတ်ပြန်ထား တယ်။ ဒေါ်နန်းဝါနုတို့ အနေနဲ့ အထဲမှာ ရှိနေခဲ့တယ်ဆိုတော့ ဘာတွေတွေ့ခဲ့ရလဲ ဘယ်လိုအခက်အခဲတွေ ရှိခဲ့လဲဆိုတာ ပြောပြပါဦး။ “ကျမတို့က အဲဒီနေရာကိုသွားတော့ ၉ နာရီရှိပြီပေါ့နော်။ အဲဒီအချိန်မှာ ဦးအောင်မင်းတို့က ရောက်နေပြီ၊ နောက်ပြီး NNER က တချို့တ၀က် ၅ ယောက်လောက်ရှိမယ်ထင်တယ်။ ကျမတို့ အဖွဲ့က ၁၅ ယောက် အထဲဝင်လာတယ်။ အပြင်ဘက်ကလည်း ကျောင်းသားတွေကို ကျမတို့ တွေ့ပါတယ်။ တော်တော်များတယ်။အုပ်စုလိုက်ဘဲ။ အဲဒါနဲ့ ကျမတို့ကလည်း အထဲကို လက်မှတ်ထိုးပြီး ၀င်သွားတယ်။ ၀င်တော့ သူတို့ ခင်းထားပေးတဲ့အတိုင်း တနေရာကို ၁၅ ခုံခင်းထားပေးတဲ့အတိုင်း  ကျမတို့က ၀င်ထိုင်တယ်။ အဲဒါသူတို့ကို စောင့်တယ်။  ၁၀ နာရီ လောက်အထိက ကျောင်းသားအဖွဲ့တွေက တယောက်မှ မ၀င်လာသေးဘူး။ NNER က ဦးသိန်းလွင်တို့ကလည်း မရောက်လာသေးဘူး။ ဦးသိန်းလွင်တို့က ဟို့တရက်ကတည်းက လာတယ်ဆိုတာ ကျမတို့ကြားတယ်။ ဒါပေမယ့် မရောက်လာသေးဘူး။ ကျောင်းသားအဖွဲ့တွေနဲ့ အတူတူ ရှိနေတယ်ပေါ့နော်။ နောက်တော့ သူတို့က သတင်းလာပို့တယ်။ ကျောင်းသားတွေက ၄၅ ယောက်ရှိတယ်။ ၄၅ ယောက်လုံး ၀င်လာချင်တယ်ဆိုပြီး အစိုးရအဖွဲ့ကို သတင်းလာပို့တာကို ကျမတို့ ကြားတယ်။ “ခုံတွေက ၁၅ ခုံစီ လုပ်ထားပြီးသား။ နောက်ပြီး ကျောင်းသားတွေကလည်း စာရင်းပေးလာထားပြီးသားပေါ့နော်။ ဘယ်သူတွေတက်မယ်ဆိုတာလည်း နာမည်စာရင်းရှိ တယ်။ အဲဒီမှာ အစိုးရဘက်က ဘယ်သူတွေတက်မယ်၊ လွှတ်တော်ဘက်က ဘယ်သူတွေတက်မယ်၊ ကျောင်းသားဘက်က ဘယ်သူတွေတက်မယ်ပေါ့နော်။ ကျောင်းသားတွေက သတ်မှတ်ထားတာထက် ပိုပြီးတော့ လာတဲ့အနေအထားမှာရှိတယ်။ ၄၅ ယောက်လုံးဝင်မယ်ဆိုတော့  ၄၅ ယောက်ကို ခွင့်မပြုနိုင်ဘူး။ ဒါပေမယ့် နောက်ထပ် ၅ ယောက်ကို တိုးပေးလိုက်တယ်လို့ ပြောတော့ သွားပြောတဲ့တယောက်က ပြန်လာတယ်။ NNER ကလည်း နောက်ထပ် ၁၁ ယောက်တိုးပေးပါလို့ ပြောတယ်။ အဲဒါနဲ့ သူတို့ဘာသာ သူတို့အချင်းချင်း ညှိနှိုင်းနေကြတာ။ ကျောင်းသားတွေဘက်က ဦးရေများတော့ ဘယ်သူတွေက ကိုယ်စားပြုတက်မယ်ဆိုတာ မဆုံးဖြတ်နိုင်ကြသေးဘူး။ တံခါးဝမှာ အချင်းချင်း အငြင်းပွားသေး တယ်တဲ့။ အဲဒါဆိုရင် သူတိုဘာသာသူတို့ ဆုံးဖြတ်ပြီးလာတက်မယ်ဆိုပြီးမှ ကျမတို့က ၁၂ နာရီအထိ စောင့်တာပေါ့နော်။ 13701_842034092501759_4728991565967383287_n“၁၁ နာရီ ၄၅ လောက် ရောက်တဲ့အချိန်မှာ ဦးအောင်မင်းဆီကို နိုင်ငံတော် အစိုးရရုံးအဖွဲ့ ကနေ ဖုန်းလာတယ်ဆိုပြီးတော့ ဦးအောင်မင်းက ထွက်သွားတယ်။ ထွက်သွားပြီးတော့ ပြော တယ်။ ဒီနိုင်ငံတော်အစိုးရရုံးကနေ အကြောင်းပြန်လာတယ်။ ဒီလိုမျိုး ကိုယ်စားပြုမှုနဲ့ သူတို့ တင်ပြမယ့် အစီစဉ်တွေက မသေချာသေးဘူးဆိုလို့ရှိရင် ရက်ရွှေ့လိုက်ပါဆိုပြီး အဲလို ပြောလာ တယ်။ “အဲဒါဆိုရင်လည်း NNER က ၃ ယောက်နဲ့ ကျောင်းသားအဖွဲ့က ၃ ယောက်ကို ခေါ်လာပေးပါဦး ဆိုပြီးတော့ ဦးအောင်မင်းက အကျိုးအကြောင်းရှင်းပြတယ်။ အစိုးရရုံးကနေ အကြောင်းကြားလာတယ်။ ကိုယ်စားပြုမှုနဲ့ လိုအပ်တဲ့အစီစဉ် မရှိသေးဘူးဆိုလို့ရှိရင် ၁၂ ရက်နေ့ နောက်ပိုင်းမှ တွေ့မယ်။ ဒီကြားထဲမှာ ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်း လုပ်ဖို့အတွက် တခြားအဖွဲ့တွေနဲ့လည်း ချိန်းထားတယ်။ တခြားလုပ်ငန်းကိစ္စတွေနဲ့လည်းရှိပါသေးတယ်။ အဲဒီအတွက် ကြောင့် နားလည်ပါ။ အဲလို ပြောတော့ ကျောင်းသားတွေက အဂျင်တာ ညှိဖို့ကိစ္စဘာညာတွေလုပ်ဖို့ကိစ္စသူတို့ကို ပြောရမယ်ပေါ့။  ဦးအောင်မင်းကတော့ နိုင်ငံတော် အစိုးရရုံးက ပေးလာတဲ့ သဘောထား ဒီ ၁၂ ရက်နေ့နောက်ပိုင်းမှ တွေ့နိုင်တော့မယ်။ အဲဒီမှာ ကျောင်းသားတွေက အားလုံးအဆင်သင့် ဖြစ်လာပြီး နောက် ကိုယ်စားပြုမှုတွေလည်း သေချာပြီ ဆိုတဲ့ အချိန်ကျလို့ရှိရင်တော့ ပြန်ပြီးတော့ အကြောင်းကြားလာခဲ့။ သူတို့ ရှိနေမယ်ပေါ့။ “အဲဒါ ပြောတော့ လွှတ်တော် အပိုင်းကို မေးတယ်။ ဦးသိန်းဇော်က ကျနော်တို့ကလည်း ဘာမှ ပြောစရာမရှိပါဘူး။ သဘောတူပါတယ်။ ဖိတ်ခေါ်တဲ့အချိန်ကျရင် လာပြီး ပူးပေါင်းဆောင်းရွက်ပါ့မယ်ပေါ့။ ကျောင်းသားတွေကတော့ နောက်တခေါက်လုပ်မယ့်အစည်းအဝေးတွေ ကျရင် အာဂျင်တာတွေကို သူတို့နဲ့ ညှိဖို လိုအပ်တယ်ပေါ့။ အခက်အခဲရှိတယ်ဆိုပြီး အဲလို မျိုးတွေ ပြောတယ်။ 960x540x10635777_841314152573753_7785892917133860102_n.jpg.pagespeed.ic.kZrbT5E1vV“အဲလို ပြောတဲ့အနေအထားမှာပဲ ကျမတို့ လွှတ်တော်ပိုင်းနဲ့ သိပ်မသက်ဆိုင်တဲ့အခါကျတော့ ဦးသိန်းဇော်ကဘက်က ဦးဆောင်ပြီးထွက်သွားတော့ ကျမတို့တွေအကုန်လုံးက လိုက်လာခဲ့လိုက်တာ။” ဒေါ်နန်းဝါနုအနေနဲ့ ဒီအစည်းအဝေးမှာ လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ တက်တက်ခဲ့တယ်။ အစည်းအဝေးမှာဖြစ်ခဲ့တဲ့ ပြဿ   နာတွေကြောင့် ကျောင်းသားတွေကလည်း ဒါဟာ အစိုးရဘက်က တဖက်သတ်ရပ်ဆိုင်းတာပါလို့ ပြောပြီးတော့ သူတို့ ခတ္တရပ်နားခဲ့တဲ့ သပိတ်ကို ပြန်စမယ်ဆိုပြီးတော့ ပြောတယ်။ ဒီအပေါ်မှာကော ဘယ်လိုမျိုး သုံးသပ်သလဲ။ “ကျမအနေနဲ့က အဲလိုမျိုးမဖြစ်စေချင်ဘူးပေါ့နော်။ အခုက ဆွေးနွေးညှိနှိုင်းတဲ့ နည်းနဲ့ အဖြေရှာနေတာ။ ဆွေးနွေးညှိနှိုင်းတဲ့ နည်းနဲ့ အဖြေရှာနေတယ်ဆိုတော့ အားလုံးက စိတ်ရှည်ရှည်ထားမှ ရမှာပေါ့နော်။ နောက်ပြီး ဒီကျောင်းသားတွေလာတဲ့အနေအထားမှာ သူတို့ရဲ့ ကိုယ်စားပြုမှုဆိုတာကိုတော့ အသေအချာလေးတော့ ယူလာစေချင်ပါတယ်။  အဲဒီမှာ ကျောင်းသားတယောက်က ထပြောတယ်။ ကျနော်တို့က ကျောင်းသားအားလုံးကို ကိုယ်စားမပြုပါဘူး ကျနော်တို့ နောက်မှာ ကျောင်းသား ၂၀၀ လောက်ပဲရှိတယ်။ အဲဒီအတွက်ကြောင့် ကျောင်းသား ၂၀၀ ရဲ့ ကိုယ်စားပြုမှုကို ရချင်ပါတယ်လို့ ပြောတယ်။ တချို့ အဖွဲ့တွေကလည်း ပြောတယ်။ ကျောင်းသားအားလုံးကို ကိုယ်စားမပြုဘူး။ ဒီဆန္ဒပြနေနေတဲ့ ကျောင်းသားအတွက်ပဲ ပြောတယ်။ အဲတော့ ဦးအောင်မင်းက ကျနော်ကလည်း ဒီဆန္ဒပြနေတဲ့ ကျောင်းသားတွေရဲ့ကိုယ်စားပြုမှုကို ပြောတာပါ။ ဆန္ဒပြနေတဲ့ ကျောင်းသားတွေရဲ့ကိုယ်စားပြုမှုက အခုက ဘယ်လိုဖြစ်နေတဲဆိုတော့  ဒီတယောက်က ကျနော်တို့ရဲ့ကိုယ်စားမဟုတ်ဘူး။ အဲလို ပြောပြောလာလို့ အဲဒါက ခက်တယ်။ ကိုယ့်ဘက်က ကျောင်းသားတွေရဲ့ ကိုယ်စားပြုမှု ဘယ်တယောက်ဆိုပြီး လာတက်တဲ့အချိန်ကျရင် ကိုယ်စားပြုထားတဲ့ အဖွဲ့ကို ပြန်ပြော။ ပြန်ပြောရင် အချင်းချင်း ထိန်းပေးလို့ရတယ်ပေါ့။ အခုအနေအထားအရဆိုရင် ဒီဘက်က ကျောင်းသားတွေကို ဆွေးနွေးလိုက်တယ်။ ဆွေးနွေးတော့ ဟိုဘက်ကလည်း ကျနော်တို့ကို ကိုယ်စားမပြုဘူး ပြောလာရင် ကျနော်တို့လည်း အလုပ်လုပ်ရတာခက်ပါတယ်။  အဲဒီအတွက်ကြောင့် ခင်ဗျာဆို့ ဆန္ဒပြတဲ့ကျောင်းသားတွေရဲ့ ကိုယ်စားပြုမှုကို သွားပြီးယူလာခဲ့ပါ။ သတ်သတ်မှတ်မှတ်လေးလုပ်လာခဲ့ပါ။” အခု ကျောင်းသားတွေတောင်းဆိုနေတဲ့ အမျိုးသားပညာရေး ဥပဒေပြင်ပေးဖို့ တောင်းဆိုချက်နဲ့ပတ်သက်ပြီးတော့ရော ဒီဥပဒေဟာ တကယ်ပဲ ပြင်ဆင်ဖို့လိုလား ဘယ်လိုမြင်ပါသလဲ။ “သူတို့ တောင်းဆိုထားတဲ့ အချက် ၁၁ ချက်ထဲမှာက ဒီအမျိုးသားပညာရေးဥပဒေထဲမှာ ပါပြီးတဲ့ အပိုင်းတွေကလည်း ရှိတယ်။ မပါသေးတဲ့အပိုင်းတွေကလည်း ရှိတယ်ပေါ့နော်။ ဒါပေမယ့် မပါသေးတဲ့ အပိုင်းကတော့ တော်တော်လေးကို နည်းပါတယ်။ “သူတို့ ပြောတဲ့ အားလုံးပါဝင်တဲ့ ပညာရေးအပိုင်းဆိုရင်လည်း ပါပြီးတဲ့အနေအထားလေးတွေ ရှိတယ်ပေါ့နော်။ မသန်စွမ်းကလေးများအပါအ၀င် ကလေးအားလုံးအတွက် လူတိုင်း အကျုံးဝင် ပညာရေးဆိုတဲ့ အားလုံးပါဝင်တဲ့ ပညာရေးမှာ အမျိုးသားပညာရေးမှာ ပုဒ်မ ၄ (ဂ) ၄ - ၄၁ (ခ) ၃၈ ဂ-ခ အဲမှာပါတယ်။ တိုင်းရင်းသားမျိုးနွယ်စုရဲ့ ဘာသာစကား လွတ်လပ်ခွင့်တို့ တိုင်းရင်းသား ဘာသာစကားဆိုရင် ပုဒ်မ ၂၀ (ဂ)၊ ၄၂ (ခ)၊ ၄၃၊ ၄၄ အဲဒီမှာပါတယ်။ အခမဲ့ မသင်မနေရ ပညာရေးစနစ်ကို မူလတန်း အဆင့်ကနေ သာမက အလယ်တန်းအဆင့်အထိ တိုးမြှင့်ကျင့်သုံးရေးဆိုတဲ့ ကိစ္စက ပုဒ်မ ၁၇၊ ပုဒ်မ ၄ (ည) အဲဒီမှာတွေ ပါတယ်။ ဒါပေမယ့် အဲဒီမှာတော့ တိုက်ရိုက်စကားလုံးတွေတော့ မဟုတ်ဘူးပေါ့နော်။  နောက်ပြီး ဒေသအလိုက် ကျောင်းအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်တဲ့ ပညာရေးဆိုင်ရာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိစ္စဆိုရင် ပုဒ်မ ၄ (ဆ)မှာ ပါတယ်ပေါ့နော်။ လက်ရှိကျင့်သုံးတဲ့ စာမေးပွဲစနစ်နဲ့ တက္ကသိုလ်ဝင်ခွင့်စနစ်ဆိုရင် ပုဒ်မ ၄ (ဇ)မှာပါတယ်။ လွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်တဲ့ကိစ္စတို့၊ သင်ကြားနည်းစနစ်ပြောင်းလဲ ဖို့ကိစ္စဆိုရင် ပုဒ်မ ၄ (ဃ နဲ့ င) အဲဒီမှာတွေပါတယ်။ ဆိုတော့ သူတို့ မကြိုက်တာ ဘာတွေရှိသလဲဆိုတဲ့အနေအထားမှာ ကျမတို့က မဆွေးနွေးရသေးတော့ မသိဘူး။  ဖြစ်နိုင်တာကတော့ သူတို့ စကားအသုံးအနှုန်းတွေ မကြိုက်တာတွေ၊ ဒါပေမယ့် လုံးလုံး မကြိုက်ဘူးဆိုတဲ့ကိစ္စကို သူတို့ ပြောလာတဲ့အခါကျတော့ ဒီက အမျိုးသားပညာရေးကော်မရှင်နဲ့ သက္ကသိုလ်များ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို မကြိုက်ဘူးဆိုတဲ့အနေအထားကို ကျမတို့ သိထားတယ်။ “ကျောင်းသားအရေးအခင်းနဲ့ ကျောင်းထုတ်ခံရတဲ့ကျောင်းသားကိစ္စကတော့ အစိုးရနဲ့ ညှိနှိုင်းရမှာဖြစ်တယ်။ နောက်တခုက ပညာရေးမူဝါဒ၊ ဥပဒေ နည်းဥပဒေဆက်စပ်ရေးစွဲ တဲ့အချိန်မှာ ကျောင်းသား ကျောင်းသူ ကိုယ်စားလှယ်တွေ၊ ဆရာဆရာမ ကိုယ်စားလှယ်တွေ ပါဝင်ဖို့ ဆိုပြီးမှ ဒါကတော့ သူတို့အနေနဲ့ တောင်းဆိုချက်ပဲပေါ့။ ဒီတောင်းဆိုချက်က မခက်ခဲဘူး ပါဝင်ပူးပေါင်းနိုင်တယ်ဆိုတဲ့ အနေအထားလေးရှိတာပေါ့နော်။ “အဓိက မပါသေးတာကတော့ ဆရာသမဂ္ဂ ကျောင်းသားသမဂ္ဂဖွဲ့စည်းထူထောင်တဲ့ကိစ္စ အဲဒီသမဂ္ဂတွေ တည်ရှိမှုအပေါ်မှာ တရားဝင်အသိအမှတ်ပြုရေးကိစ္စပေါ့။ အဲဒီတခုက မပါသေးဘူးဆိုတဲ့အနေအထားမှာရှိတယ်။ နောက်ထပ်တောင်းဆိုတဲ့တချက် ပညာရေး အသုံးစရိတ်၊ တနိုင်ငံလုံး အသုံး စရိတ် ၂၀ ရာခိုင်နှုန်းဆိုတဲ့ ဒီ ၂ ခုကတော့ မပါသေးဘူးဆိုတဲ့ အနေအထားမှာရှိတယ်။” “သူတို့က ဘယ်လို ပြောင်းလဲချင်လဲ။ ဘယ်လိုလုပ်ချင်သလဲဆိုတာကို ကျမတို့က ဆွေးနွေးခွင့် မရသေးတဲ့အတွက် ဒီကိစ္စကို ဘာမှ တင်ပြလို့ မရသေးဘူးဆိုတဲ့ အနေအထားမှာ ရှိတာပေါ့တယ်။” တခြားဘာဖြည့်စွက်ပြောချင်သေးလဲ။ “တခုလေးတော့ ကျောင်းသားတွေကို အကူအညီတောင်းချင်တာက အခုက ကျမတို့က တွေ့ဆုံညှိနှိုင်းနေဆဲကာလဖြစ်ပါတယ်။ အတတ်နိုင်ဆုံး ကျမတို့က တွေ့ဆုံညှိနှိုင်းခြင်းဖြင့် ဖြေရှင်းနိုင်တဲ့ ပြဿ   နာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ကျမ မေတ္တာ ရပ်ခံချင်တာက ကျမတို့ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေးရယ်၊ နောက်ပြီး ကျမတို့ ကျောင်းသားတွေရော၊ ကျောင်းသားမိဘတွေရော စိတ်မပူရအောင်ဖြစ်စေချင်တယ်။ နောက်ပြီး ကလေးတွေအားလုံးက စာမေးပွဲချိန်မှာ စာမေးပွဲဖြေနိုင်ခွင့် ရှိအောင်လည်း ကျမတို့က ရစေချင်ပါတယ်။ အဲဒီအတွက်ကြောင့် အားလုံးကိုတော့ ထိန်းထိန်းသိမ်းသိမ်းလေး ဖြစ်စေချင်ပါတယ်ရှင်။ အားလုံးက တွေ့ဆုံညှိနှိုင်ခြင်းဖြင့် အားလုံး အဆင်ပြေအောင် လုပ်ကြပါလို့ ကျမတော့ တိုက်တွန်းချင်ပါတယ်။ ”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024