DVB Logo
Home
မြန်မာသတင်း
ကမ္ဘာ့ ဒုတိယထိပ်တန်းမြို့အဖြစ် ပုဂံကို ရွေးချယ်
DVB
·
February 4, 2015
ကမ္ဘာ့ ဒုတိယထိပ်တန်းမြို့အဖြစ် ပုဂံကို ရွေးချယ်
1 / 3
Donate to DVB

မြန်မာနိုင်ငံအလယ်ပိုင်းက ရှေးဟောင်းမြို့တော် ပုဂံကို ကမ္ဘာမှာ ဒုတိယ ထိပ်တန်းမြို့  အဖြစ် ဗြိတိန်အခြေစိုက် Wanderlust ခရီးသွား မဂ္ဂဇင်း စာဖတ်သူတွေက ရွေးချယ်လိုက်ပါတယ်။

85341_f0ccca60-5360-4424-a61b-e917a8c32a57၁၀ ရာစုနဲ့ ၁၄ ရာစုကြား ဆောက်လုပ်ထားတဲ့ စေတီပုထိုးနဲ့ ဘုရားကျောင်းကန် ၂၀၀၀ ကျော်ရှိတဲ့ ပုဂံကို ထိပ်တန်းမြို့စာရင်းအောက်မှာ ရွေးချယ်ခံခဲ့ရတာ ဖြစ်သလို ပထမက လာအိုနိုင်ငံ လုံဘရားဘန်မြို့ကို ရွေးချယ်ခဲ့ပြီး ဆွီဒင်မြို့တော် စတော့ဟုမ်းကို တတိယနေရာမှာ ရွေးချယ်ထားပါတယ်။

[caption id="attachment_80073" align="aligncenter" width="606"]လုံဘရားဘန်မြို့ လုံဘရားဘန်မြို့[/caption]

လုံဘရားဘန်မြို့က ၉၇.၄ ရာခိုင်နှုန်း ဆန္ဒမဲနဲ့ ပထမ ရွေးချယ်ခံရသလို ပုဂံက ၉၅ ရာခိုင်နှုန်းနဲ့ ဒုတိယ၊ စတော့ဟုမ်းက ၉၄.၇၄ ရာခိုင်နှုန်းနဲ့ တတိယရွေးချယ်ခံရတာ ဖြစ်ပါတယ်။

[caption id="attachment_80074" align="aligncenter" width="601"]စတော့ဟုမ်း စတော့ဟုမ်း[/caption]

ဒီနောက်မှာတော့ ဂျပန်တိုကျိုနဲ့ ဗီယက်နမ် ဟွိုင်အမ်းမြို့တွေက စတုတ္ထနဲ့ ပဉ္စမနေရာမှာ ရပ်တည်နေပါတယ်။

ထိပ်တန်းနိုင်ငံ စာရင်းမှာတော့ မြန်မာက နံပါတ် ၉ နေရာမှာ ရပ်တည်နေပြီး ထိုင်း၊ အိန္ဒိယ၊ ဗီယက်နမ်နဲ့ နယူးဇီလန် အထက်မှာ ရပ်တည်နေပါတယ်။

အကောင်းဆုံးလေကြောင်းလိုင်းအဖြစ် စင်ကာပူလေကြောင်းလိုင်းကို ရွေးချယ်ထားသလို အကောင်းဆုံးလေဆိပ် အဖြစ် စင်ကာပူ ရှန်ဂီလေဆိပ်ကို ရွေးချယ်ထားပါတယ်။

၁၉၉၃ ခုနှစ်က စတင်ထုတ်ဝေခဲ့တဲ့ တနှစ်ကို ၁၀ ကြိမ်ထုတ်တဲ့ Wanderlust ခရီးသွား မဂ္ဂဇင်းကို နိုင်ငံ ၁၂၀က လူ ၁ သိန်းကျော် စာရင်းပေးဖတ်ရှုကြတယ်လို့ မဂ္ဂဇင်း အင်တာနက် စာမျက်နှာမှာ ရေးပါတယ်။

၂၀၁၅ ခုနှစ်အတွက် ချစ်သူကို အဖြေပေးဖို့ ကမ္ဘာမှာ အကောင်းဆုံး နေရာ စာရင်း နံပါတ် ၁ မှာ မြန်မာနိုင်ငံမှာ ရှိတဲ့ ပုဂံကို ကမ္ဘာ့အကြီးဆုံး ခရီးသွား လမ်းညွန်ကို ထုတ်ဝေတဲ့ Lonely Planet က  ရွေးချယ်လိုက်ပါတယ်။

ဒါပေမယ့်လည်း ၁၉၉၀ ခုနှစ်နောက်ပိုင်း စစ်အစိုးရက လုပ်ဆောင်ခဲ့တဲ့ ညံ့ဖျင်းတဲ့ ပြန်လည် တည်ဆောက်မှုတွေကြောင့် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)ရဲ့ ကမ္ဘာအမွေအနှစ် စာရင်းမှာတော့ ပုဂံကို ထည့်သွင်းထားခြင်းမရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013