DVB Logo
Home
မြန်မာသတင်း
ဒီဗွီဘီ၏ နယ်လှည့်ရုပ်သံရိုက်ကူးရေးယာဉ် ခဲပစ်ခံရ
DVB
·
February 2, 2015
ဒီဗွီဘီ၏ နယ်လှည့်ရုပ်သံရိုက်ကူးရေးယာဉ် ခဲပစ်ခံရ
1 / 3
Donate to DVB

မန္တလေးမြို့မှာ ဒီဗွီဘီ အပတ်စဉ်ရုပ်သံအစီအစဉ်ရိုက်ကူးရေး မော်တော်ယာဉ်ကို အမည်မသိဆိုင်ကယ်စီး ၂ ဦးက အုတ်ခဲနဲ့ပစ်ခတ်လို့ ကားဘယ်ဘက်ခြမ်းက နောက်ခန်း မှန်တချပ်ကွဲခဲ့ပါတယ်။

မန္တလေးမြို့ လမ်း ၈၀၊ ၃၂ လမ်းနဲ့ ၃၃ လမ်းကြာမှာရှိတဲ့ Palace ဟိုတယ်ရှေ့မှာ ရပ်ထားတဲ့ တို့ပြည်တို့မြေ နယ်လှည့်ရိုက်ကူးရေး အဖွဲ့ရဲ့တိုယိုတာ၊ပရာဒို ကားကို ဆိုင်ကယ်စီးလူငယ် ၂ ဦးက ဖေဖော်ဝါရီ ၂ ရက်နေ့ မနက် ၁ နာရီခန့်မှာ အုတ်နီခဲနဲ့ ပစ်သွားခဲ့တာပါ။

တို့ပြည်တို့မြေ အစီအစဉ် ရိုက်ကူးထုတ်လုပ်ရေးတာဝန်ခံ ဦးသန်းဝင်းထွဋ်က “ဟော်တယ်စောင့်တွေက လာပြောတယ်။ သူတို့က မြင်လိုက်တယ်တဲ့ ဆိုင်ကယ်တစီးနဲ့ လူနှစ်ယောက် အသက်လတ်ပိုင်းတဲ့။ အုတ်နီခဲတလုံးနဲ့ ဆိုင်ကယ်ကြမ်းကြမ်းမောင်းလာတယ်။ ပြီးတော့ ဟော်တယ်ရှေ့မှာ ကားတွေ အများကြီးရပ်ထားတာကို ဒီဗွီဘီ တံဆိပ်နဲ့ကားကိုရွေးပြီး အုတ်နီခဲနဲ့ထုသွားပြီးတော့ မောင်းပြေးသွားတယ်တဲ့၊ အဲတော့ သူတို့ ချက်ချင်းလာပြောတယ် ဒါပေမယ့် အုတ်နီခဲနဲ့ ဘယ်ဖက် နောက်ခန်း မှန်ပွင့်နေတာပဲ တွေ့ရတော့တယ်။ လူနှစ်ယောက်လို့ပဲ ပြောနိုင်တယ်။ ဆိုင်ကယ်နံပါတ်မသိဘူး။” လို့ ပြောပါတယ်။

ဟိုတယ်မှာ စီစီတီဗွီ ကင်မရာတပ်ဆင်ထားပေမယ့် ဟိုတယ်အတွင်းပိုင်းနဲ့ ဟိုတယ်အရှေ့ပိုင်းကိုသာ ဖမ်းမိပြီး ဟိုတယ်ရှေ့လမ်းမ တဖက်တချက်မှာ ရပ်နားထားတဲ့ ကားတွေကိုတော့ မမိဘူးလို့ဆိုပါတယ်။ ဟိုတယ်ဧရိယာမှာ ကားရပ်နားဖို့ မဆံ့လို့ တခြားကားတွေနဲ့အတူ သွားရပ်စဉ်မှာ ရွေးချယ်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

သူက “ဟိုတယ်မှာ တည်းနေတဲ့သူတွေက ဟိုတယ်ရဲ့နောက်ထဲက ချောင်ထဲက parking (ကားရပ်ရန်နေရာ) မှာ ကားမဆံ့ဘူး။ မဆံ့တော့ ရှေ့မှာ ဟိုတယ်ဘက်ခြမ်းမှာလည်း ၄ - ၅ စီး၊ ဟိုဘက်ခြမ်းမှာလည်း ၄ - ၅ စီး ကားအကောင်းတွေရှိတယ်။ အဲဒီထဲကမှာ ဒီ ဆိုင်းဘုတ်နဲ့ စတစ်ကာကပ်ထားတဲ့ကားကိုပဲ တမင်လာထုသွားတာ”လို့ ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဟိုတယ်နဲ့ သိပ်မလှမ်းမကမ်းမှာရှိတဲ့ အမှတ် ၈ ရဲစခန်းကို ချက်ချင်း သွားရောက်တိုင်ကြားခဲ့ရာမှာ ရဲအရေးမပိုင်တဲ့ကိစ္စဖြစ်တာကြောင့် အမှုဖွင့်မပေးဘဲ တရားရုံးကို ဦးတိုက်လျောက်ဖို့ ပြောဆိုခဲ့ပါတယ်။ ဥပဒေအရ ရပ်နားထားတဲ့ မော်တော်ယာဉ်ကို ပျက်စီးအောင်လုပ်တဲ့အတွက် အကျိုးပျက်စီးစေမှုနဲ့ တရားရုံးမှာ ဦးတိုက်လျောက်နိုင်တယ်လို့ မန်းတလေးမြို့က ရှေ့နေတဦးက ရှင်းပြပါတယ်။

တို့ပြည်တို့မြေအစီအစဉ်ကို ဒီဗွီဘီ ရုပ်မြင်သံကြားမှာ ၂၀၁၄ ခု နိုဝင်ဘာလ ၁ ရက်နေ့မှာ စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပြီး နိုင်ငံဝန်းက တိုင်းရင်းသား၊ ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင် စတဲ့ အရေးတွေကို အပတ်စဉ် လူထုနဲ့တွေ့ဆုံဆွေးပြီး လူထုရဲ့အသံ လူထုရဲ့ ဘ၀တွေကို တင်ဆက် ထုတ်လွှင့်ပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။

[gallery ids="79784,79785,79797"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013