DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် မြန်မာအမျိုးသမီး ၁ ဦး ကုန်းကျော်တံတားပေါ်မှ ပြုတ်ကျသေဆုံး
DVB
·
February 2, 2015
ထိုင်းတွင် မြန်မာအမျိုးသမီး ၁ ဦး ကုန်းကျော်တံတားပေါ်မှ ပြုတ်ကျသေဆုံး
1 / 4
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း ဆမွတ်ပရကန်ခရိုင်မှာ မြန်မာအမျိုးသမီး ၁ ဦး လူကူးကုန်း ကျော်တံတားပေါ်ကနေ ပြုတ်ကျသေဆုံးတယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။

မနေ့မနက်က ဆမွတ်ပရကန်မြို့ ဘန်မိုင်းရပ်ကွက် ဆီရိနတ်ခလင်းလမ်းပေါ်မှာ အမျိုးသမီး တဦး ကုန်းကျော်တံတားပေါ်ကနေ ပြုတ်ကျပြီး အောက်မှာသွားနေတဲ့ တက္ကစီကားပေါ် ထပ်မံ ပြုတ်ကျခဲ့တာဖြစ်တယ်လို့ မြို့နယ် ရဲစခန်းက တာဝန်ကျ ဒုရဲအုပ်က ပြောပါတယ်။

ပြုတ်ကျသူအသက် ၃၀ နှစ်အရွယ် အမျိုးသမီးဟာ ဦးခေါင်းကွဲပြီး ခြေတောက် ၂ ချောင်းလုံး ကျိုးခဲ့ပြီး မြို့နယ်ဆေးရုံကြီးကို ပို့ဆောင်ကုသပေမယ့် ကွယ်လွန်ခဲ့ပါတယ်။

ယာဉ်မောင်းသူက သူ့ခရီးသည်သွားပို့ရင်း ကုန်းကျော်တံတားနားအရောက်မှာ အဲဒီ အမျိုးသမီး ကားရှေ့ဖုံးပေါ်ကို ရုတ်တရက်ပြုတ်ကျခဲ့တာလို့ ပြောပါတယ်။

အမျိုးသမီးရဲ့ လက်ကိုင်အိတ်ထဲမှာ မြန်မာလိုရေးထားတဲ့ မှတ်ပုံတင်တခုနဲ့ ငွေသား ဘတ် ငွေ ၁၃၆၀ ရှိကြောင်း၊ သူဟာ ကုန်းကျော်တံတားပေါ်ကနေ မတော်တဆပြုတ်ကျခဲ့တာလား၊ မိမိကိုယ်ကို သတ်သေခဲ့တာလားဆိုတာကို ဆက်လက်စုံစမ်းနေတယ်လို့ ရဲစခန်းက ပြောပါ တယ်။ ကိုးကား - Thairath၊ ဓာတ်ပုံ - Daily News
[gallery ids="79768,79769,79770,79771"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013