DVB Logo
Home
မြန်မာသတင်း
NNER ကိုယ်စားလှယ် ပါတီကိုယ်စားမပြုဟု NLD ကြေညာ
DVB
·
February 2, 2015
NNER ကိုယ်စားလှယ် ပါတီကိုယ်စားမပြုဟု NLD ကြေညာ
1 / 2
Donate to DVB

ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲ တက် ရောက်တဲ့ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER) ကိုယ်စားလှယ် ဒေါက်တာသိန်းလွင်ဟာ ပါတီကို ကိုယ်စားမပြုဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မနေ့က ကြေညာ ပါတယ်။

[caption id="attachment_79752" align="alignright" width="449"]ဖေဖော်ဝါရီ ၁ ရက်နေ့က အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ၄ ပွင့်ဆိုင် ဆွေးနွေးပွဲတွင် ဒေါက်တာသိန်းလွင် ဆွေးနွေးနေစဉ် ဖေဖော်ဝါရီ ၁ ရက်နေ့က အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး ၄ ပွင့်ဆိုင် ဆွေးနွေးပွဲတွင် ဒေါက်တာသိန်းလွင် ဆွေးနွေးနေစဉ်[/caption]

ဒေါက်တာသိန်းလွင်က ဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ ကြိုတင်သဘောတူညီချက်မယူဘဲ အခြား အဖွဲ့မှာ ဦးဆောင်မှုဟာ ပါတီစည်းမျဉ်းစည်းကမ်း ချိုးဖောက်တာဖြစ်လို့ အရေးယူမယ်လို့ ဆိုပါ တယ်။

ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဟံသာမြင့်က “ဒေါက်တာသိန်းလွင်ကိစ္စကတော့ ကျနော်တို့ အန်အယ်လ်ဒီကို ဖိတ်တာလည်း မဟုတ်ဘူးပေါ့နော်၊ ဒေါက်တာသိန်းလွင်ကလည်း ကျနော်တို့ရဲ့ အရံဗဟိုအလုပ်အမှုဆောင် ဖြစ်နေတယ်။ အရန်စီအီးစီဖြစ်နေတော့ ဥက္ကဋ္ဌ (ဒေါ်အောင်ဆန်းစုကြည်) ကနေပြီးတော့ သူ့အနေနဲ့ သွားလိုက်လို့ရှိရင် အန်အယ်လ်ဒီကို ကိုယ် စားပြုသလိုဖြစ်နေမှာစိုးလို့ ဆိုပြီးတော့ အစကတည်းက မသွားပါနဲ့လို့ ဥက္ကဋ္ဌက မစခင်ကတည်း က တားထားပါတယ်။ ၂ ရက် ၃ ရက်လောက်ကတည်းက ကြိုတားပါတယ်။ တားပေမယ့်လည်း ဒေါက်တာသိန်းလွင်က NNER မှာ ခေါင်းဆောင်ပိုင်းမှာ ရောက်နေတဲ့အခါကျတော့ ကျောင်းသားတွေက သူ့ကို အတင်းဖိတ်ကြားတဲ့အခါကျတော့ သူက သွားလိုက်ပါတယ်။ အဲဒါပါပဲ။ အဲဒီအတွက်ကြောင့် ကျနော်တို့က ကျနော်တို့ကို ကိုယ်စားပြုတာမဟုတ်ဘူးတာရယ်။ သူ့အနေနဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာတဲ့ကိစ္စ ဒါကို ကျနော်တို့ ကြေညာတာပါ” လို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်တာဝန်ခံလည်းဖြစ်တဲ့ ဒေါက်တာသိန်းလွင်က ဒီကြေညာချက်နဲ့ပတ်သက်လို့ “ကျနော်ကတော့ ကျောင်းသားတွေ တောင်းဆိုတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုကို ထောက်ခံတယ်။ အဲဒါကြောင့် ကျောင်းသားတွေ ဆွေးနွေးပွဲမှာ ကျနော် ကူညီအားပေးရမယ်။ ကျောင်းသားတွေ တောင်းဆိုတဲ့အချက်တွေကလည်း ဒီမိုကရေစီနည်းလမ်းလည်း ကျတယ်။ ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် လိုအပ်ချက်တွေ ဖြစ်တယ်။ အဲဒါကို ကျနော်ယုံကြည်တယ်။ ယုံကြည်တဲ့အတွက် ကျနော် ကျောင်းသားတွေ ဘက်က ရပ်တည်တယ်။ အဲဒီအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ သူ့စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီဘူးဆိုရင် ဒါ ပါတီမှာ ပါတီရဲ့ ဆုံးဖြတ်ချက်ပါပဲ။ ကျနော့်ဆုံးဖြတ်ချက်ကတော့ ဒါ ကျောင်းသားတွေက မှန်ကန်တဲ့အတွက် ကျောင်းသားတွေ ဘက်က ကျနော်ရပ်ပေးတာဖြစ်ပါတယ်။"

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ ရက်ပေါင်း ၆၀ အတွင်း အစိုးရ၊ လွှတ်တော်၊ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ၊ NNER တို့ဆွေးနွေးဖို့ မနှစ်နိုဝင်ဘာလ ၁၈ ရက်နေ့မှာ သပိတ်မှောက် ကျောင်းသားတွေက ကမ်းလှမ်းခဲ့ပါတယ်။ အစိုးရက လစ်လျူရှုတာကြောင့် ဇန်န၀ါရီ ၂၀ ရက်နေ့က ကျောင်းသားတွေက မန်းတလေးကနေ ရန်ကုန်ထိ ချီတက်သပိတ်မှောက်ကြပြီး တပတ်နီးပါးအကြာမှာ အစိုးရဘက်က ၄ ပွင့်ဆိုင် ဆွေးနွေးပွဲကို လက်ခံဆွေးနွေးပါတယ်။ ဒီဆွေးနွေးပွဲမှာ NNER ကိုယ်စားလှယ်အဖြစ် ဒေါက်တာသိန်းလွင်တက်ရောက်ပါတယ်။

အမျိုးသားပညာရေးဥပဒပြေင်ဆင်ရေးအတွက် မနေ့က ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမမှာ ဆွေးနွေးခဲ့ကြပြီး မနက်ဖြန်ကျရင် နေပြည်တော်မှာ ကိုယ်စားလှယ်တွေ ဆွေးနွေးဖို့ ကြေညာထားပါတယ်။

မနေ့က ရန်ကုန်မြို့ စိန်ရတုခန်းမမှာ တွေ့ဆုံပွဲမှာ ကျောင်းသားတွေဘက်က ဆွေးနွေးပွဲအတွက် ကြိုတင်စည်းကမ်းချက်တွေကို ဆွေးနွေးရာမှာ လက်ရှိဖွဲ့စည်းထားတဲ့ ကျောင်းသား၊ ဆရာ သမဂ္ဂတွေကို အသိအမှတ်ပြုမှုနဲ့ ပညာရေးမူဝါဒနဲ့ ဥပဒေတွေ နည်းဥပဒေတွေ ဆက်စပ်ဥပဒေ တွေ ရေးဆွဲရာမှာ ကျောင်းသားကျောင်းသူကိုယ်စားလှယ်တွေနဲ့ ဆရာ ဆရာမ ကိုယ်စား လှယ်တွေ ပါဝင်ရမယ်ဆိုတဲ့အချက်တွေအပါအ၀င် ၉ ချက်အနက် ရှစ်ချက်ကို သဘောတူကြ ပါတယ်။ ဆန္ဒပြမှုသူတွေကို အရေးမယူဘို့နဲ့ သပိတ်ရပ်ဆိုင်းဖို့ ကိစ္စကိုတော့ နှစ်ဘက်သဘော တူညီချက် မရခဲ့ပါဘူး။

ဒါနဲ့ပတ်သက်လို့ ဆွေးနွေးပွဲတက်ရောက်တဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် မဖြိုးဖြိုးအောင်က “ကျမတို့ သမဂ္ဂတွေ အနေအထားကတော့ သပိတ်ကို လှန်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ နောက်တခုက ကျောင်းသားသပိတ်တွေကြောင့်မို့ ဆွေးနွေးပွဲ ပေါ်လာတာဖြစ်တယ်။ ဆွေးနွေးပွဲရလဒ်က ဘယ်လောက်တောင်မှ တောင်းဆိုချက်တွေ အပေါ်မှာ ပေးနိုင်မလဲ။ ဘယ်လောက်တောင်မှ ကျမတို့ ကျောင်းသားတွေရဲ့ တောင်းဆိုချက်တွေကို ထည့်သွင်းပေးနိုင်မလဲဆိုတာက ဆက်ပြီးတော့ စောင့်ကြည့်ရဦးမယ့် အနေအထားမှာ သပိတ်ကတော့ ဆက်ပြီးတော့ ရှိနေမှာပါ။ ဖိအားတခုအဖြစ်ပေါ့နော်။ ”

“သပိတ်မှောက်နေတဲ့ ကျောင်းသားတွေကလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စီတန်းပြီး ပညာရေးဥပဒေမှာ သူတို့လိုချင်တဲ့အချက်တွေကို ဆန္ဒထုတ်ဖော်နေတာဖြစ်ပါတယ်။ ဒီမိုကရေစီအလေ့အကျင့်မှာ ဒါ ပြောပလောက်တဲ့ ကိစ္စတော့မဟုတ်ဘူးပေါ့နော်။ တကယ် ဒီမိုကရေစီ ဆိုရင်” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013