A d v e r t i s e m e n t With Us

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး အမြန်ညှိနှိုင်းကြရန် သမ္မတ တိုက်တွန်း

ကျောင်းသားတွေအနေနဲ့ အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်တဲ့တောင်းဆိုချက်တွေကို မြန်မြန်ညှိနှိုင်းလုပ်ဆောင်ကြဖို့ သမ္မတ ဦးသိန်းစိန်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။ u thein sein (21-08-2014)သမ္မတရဲ့ ဖေဖော်ဝါရီ ရေဒီယို မိန့်ခွန်းမှာ ကျောင်းသားတွေ စာမေးပွဲကျင်းပဖို့ ရက်နီးကပ်နေပြီဖြစ်လို့ သမ္မတက ခုလို တိုက်တွန်းပြောကြားလိုက် တာဖြစ်ပြီး တောင်းဆိုချက်တွေ ကို မြန်မြန်ဆန်ဆန် ညှိနှိုင်းကြပြီးတော့ အမျိုးသားပညာရေးဥပဒေ ပြင် ဆင် ပြဋ္ဌာန်းနိုင်ရေး အချိန်တို အတွင်း ဖြည့်ဆည်း ဆောင်ရွက်နိုင်မယ့် နည်းလမ်းများ ရှာဖွေပြီး ပူးပေါင်း ဆောင်ရွက်သွားကြပါလို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။ သမ္မတရဲ့ ဖေဖော်ဝါရီရေဒီယိုမိန့်ခွန်းကို သူ့အစိုးရလက်ထက်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ဖြစ်ထွန်းပေါ်ပေါက်လာတာနဲ့ အစချီလိုက်ပြီး နိုင်ငံရေးအာမခံချက်တွေရအောင်လုပ်ကြဖို့ ပြောကြားခဲ့ထားပါတယ်။ ၂၀၁၅ ခုနှစ်အတွင်း နိုင်ငံဟာ စိန်ခေါ်မှုတွေနဲ့ ထပ်ပြီးကြုံတွေ့ဖို့ရှိတယ်လို့လည်း သမ္မတက သတိပေး ပြောကြားခဲ့ပါတယ်။ ဇန်န၀ါရီလဆန်းပိုင်း နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်ထွန်းပေါ်ပေါက်ခဲ့တာကို အထူးအလေးပေး ပြောကြားခဲ့ပြီး ဆွေးနွေးပွဲတွေအတွင်း သဘောထားမတူညီတာတွေရှိခဲ့ပေမယ့် ဒီမိုကရေစီအသွင် ကူးပြောင်းရေး အောင်မြင်ဖို့၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိဖို့နဲ့ ၂ဝ၁၅ အထွေ ထွေရွေးကောက်ပွဲများ အောင်မြင်ချောမွေ့စွာ ကျင်းပနိုင်ဖို့ စတဲ့အချက်သုံးချက်မှာတော့ သဘောထားတူကြတယ်လို့လည်း ဆိုပါတယ်။ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်အတည်ပြုထားတဲ့ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲကို သမ္မတအနေနဲ့ မငြင်းပယ်ပေမယ့် ဒီ့ထက်ပိုပြီးကျယ်ပြန့်တဲ့ ပါဝင်ဆွေးနွေးမှုမျိုးပဲ ဖြစ်သင့်တယ်ဆိုတာကို ဆုပ်ကိုင်ထားတယ်လို့လည်း ပြောသွားပါတယ်။ သမ္မတဦးသိန်းစိန်ဟာ ဒီစကားကို အကြိမ်ကြိမ်ပြောဆိုနေတာဖြစ်ပြီး ဒီတကြိမ်မှာတော့ ပေးအပ်လာတဲ့ အခြေအနေအတွင်းမှာ တွေ့ဆုံမှုတွေကို ပုံစံမျိုးစုံနဲ့ လုပ်ဆောင်သွားမှာ ဖြစ်တဲ့အကြောင်းလည်း အသိပေး ပြောကြားလိုပါတယ်ဆိုပြီး မယုတ်မလွန်ပြောကြားသွားပြန်ပါတယ်။ သမ္မတရဲ့ ဖေဖော်ဝါရီမိန့်ခွန်း နိဂုံးပိုင်းမှာတော့ ခုချိန်မှာ မရေရာ မသေချာတဲ့အခြေအနေတွေကို စွန့်စားကျော်ဖြတ်နေရတာကို လက်ခံထားကြဖို့နဲ့ သဘောထားမတူတာတွေကို အငြင်းပွားမနေကြဘဲ တူနိုင်မယ့်နည်းလမ်းတွေ ရှာဖွေလုပ်ဆောင်ကြဖို့ အကြံပြုတိုက်တွန်းသွားပါတယ်။ အမျိုးသား ပညာရေး ဥပဒေနဲ့ ပတ်သက်လို့ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲကို ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ဒီကနေ့ ကျင်းပနေပါတယ်။ လေးပွင့်ဆိုင်ဆွေးနွေးပွဲကျင်းပနေစဉ် (ဓာတ်ပုံ - ကျော်ဇေယျာဝင်း၊ ကောင်းထက်ကျော်) [gallery ids="79558,79559,79560,79561,79562,79563"]

A d v e r t i s e m e n t With Us

More News
Up