DVB Logo
Home
မြန်မာသတင်း
ကျောင်းသားသပိတ်စစ်ကြောင်း ကျောင်းပန်းတောင်းကနေ ဆက်လက်ချီတက်
DVB
·
January 31, 2015
ကျောင်းသားသပိတ်စစ်ကြောင်း ကျောင်းပန်းတောင်းကနေ ဆက်လက်ချီတက်
Donate to DVB

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးရေး ဆန္ဒပြနေတဲ့ သပိတ်မှောက်ကျောင်းသားတွေဟာ ကျောက်ပန်းတောင်းကနေ ရေနံချောင်းကို ဒီနေ့ ဆက်လက်ချီတက်နေကြပါတယ်။

10801770_992822114080458_2436194875996776803_nသပိတ်စစ်ကြောင်းဟာ ရန်ကုန်ထိဆက်လက်ချီတက်မှာ ဖြစ်ပေမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့  လေးပွင့်ဆိုင်  တွေ့ဆုံဆွေးနွေးပွဲကို ထိခိုက်အောင်လုပ်မှာ မဟုတ်ဘူးလို့ ဇန်န၀ါရီ ၃၀ ရက်နေ့က ကျောက်ပန်းတောင်းမှာ စုပေါင်းဆွေးနွေး ဆုံးဖြတ်ခဲ့ကြတယ်လို့ ကျောင်းသားတွေက ပြောပါတယ်။

အစိုးရဟာ ညှိနှိုင်းဆွေးနွေးပွဲ ဖြစ်စဉ်တွေမှာ အချိန်ကြန့်ကြာအောင် ပြုမူလေ့ရှိတဲ့ သာဓကတွေ ရှိတာကြောင့် ဆွေးနွေးပွဲလုပ်မယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှအပ သပိတ်စစ်ကြောင်းကို ဆက်လက်ချီတက်သွားမယ်လို့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီက မနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ကျောင်းသားတွေဟာ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ဖို့ အချက် ၁၁ ချက်ကို အစိုးရထံ တောင်းဆိုထားတာပါ။

ကျောင်းသားတွေရဲ့ တောင်းဆိုချက်ကို အပြည့်အ၀ထောက်ခံကြောင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည်လည်ဆန္ဒထုတ်ဖော်တဲ့ ကျောင်းသားတွေကို အကြမ်းဖက်မှုတွေမလုပ်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ဇန်န၀ါရီ ၂၉ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ထားတဲ့ ကျောင်းသားတွေဟာ အစိုးရနဲ့ တွေ့ဆုံ ညှိနှိုင်းအဖြေရှာရေးအတွက် သတ်မှတ်ကာလရက် ၆၀ အလွန် လှုပ်ရှားမှုကို ဇန်န၀ါရီ ၂၀ ရက်နေ့က မန္တလေးနဲ့ ထားဝယ်မြို့ကနေ စတင်ခဲ့ပြီးနောက် နိုင်ငံတ၀န်း  နေရာအနှံ့  ချီတက်ဆန္ဒပြနေကြတာပါ။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင် (အစိုးရ၊ လွှတ်တော်၊ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီနဲ့ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်တို့) ဆွေးနွေးပွဲကို လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စတင်ဖို့ အစိုးရနဲ့ ကျောင်းသားသပိတ်ခေါင်းဆောင်တွေ ဇန်န၀ါရီ ၂၈ ရက်နေ့က သဘောတူညီခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013