DVB Logo
Home
ပညာရေး/နည်းပညာ
ဆန္ဒပြကျောင်းသားများကို အကြမ်းမဖက်ရန် အရပ်ဘက်အဖွဲ့များ တောင်းဆို
DVB
·
January 30, 2015
ဆန္ဒပြကျောင်းသားများကို အကြမ်းမဖက်ရန် အရပ်ဘက်အဖွဲ့များ တောင်းဆို
Donate to DVB

ကျောင်းသားတွေ တောင်းဆိုထားတဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ဖို့ အချက် ၁၁ ချက်ကို အပြည့်အ၀ထောက်ခံကြောင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည်လည်ဆန္ဒထုတ်ဖော်တဲ့ ကျောင်းသားတွေကို အကြမ်းဖက်မှုတွေမလုပ်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက ဒီကနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ကျောင်းသားတွေ တောင်းဆိုတဲ့ အချက် ၁၁ ဟာ နိုင်ငံရဲ့ အနာဂတ် ဒီမိုကရေစီ ပညာရေးစနစ်အတွက် အခြေခံကျပြီး အရေးပါတဲ့ အချက်တွေဖြစ်တဲ့အတွက် အပြည့်အ၀ ထောက်ခံတယ်လို့ အရပ်ဘက်အဖွဲ့အစည်း ၁၂၀ ကျော်ရဲ့ ပူတွဲ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Student Protest PoutPar to KyautPaDown 29012015(2ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်တာဟာ အခြေခံကျတဲ့ လူ့အခွင့်အရေး တရပ်ဖြစ်ပြီး ကျောင်းသားတွေရဲ့  ငြိမ်းချမ်းစွာ ဆန့်ကျင်လှုပ်ရှားမှုတွေကို အစိုးရအနေနဲ့ မည်သည့် အကြမ်းဖက်မှုမျိုးကိုမှ လုံးဝ မပြုလုပ်ဖို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ဆန္ဒပြကျောင်းသူ ကျောင်းသားတွေကို ကျောင်းကနေ ထုတ်ပယ်တာအပါအ၀င် တခြားနည်းလမ်းနဲ့ အရေးယူဆောင်ရွက်မှုတွေ မလုပ်ဖို့နဲ့ ကျောင်းသားတွေကို အားပေး ထောက်ခံကူညီနေကြတဲ့သူတွေကို နှောင့်ယှက်ဖမ်းဆီးအရေးယူတာ မပြုလုပ်ဖို့လည်း တောင်းဆိုထားပါတယ်။

အမျိုးသားပညာရေးဥပဒေကို သပိတ်မှောက်ထားတဲ့ ကျောင်းသားတွေဟာ အစိုးရနဲ့ တွေ့ဆုံ ညှိနှိုင်းအဖြေရှာရေးအတွက် သတ်မှတ်ကာလရက် ၆၀ အလွန် လှုပ်ရှားမှုကို ဇန်န၀ါရီ ၂၀ ရက်နေ့က မန္တလေးနဲ့ ထားဝယ်မြို့မှာ စတင်ခဲ့ကြပြီးနောက် မြို့နယ်အတော်များများက ကျောင်းသားတွေ ဆန္ဒပြနေကြတာပါ။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် လေးပွင့်ဆိုင် (အစိုးရ၊ လွှတ်တော်၊ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီနဲ့ မြန်မာနိုင်ငံ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်တို့) ဆွေးနွေးပွဲကို လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စတင်ဖို့ အစိုးရနဲ့ ကျောင်းသားသပိတ်ခေါင်းဆောင်တွေ ဇန်န၀ါရီ ၂၈ ရက်နေ့ နေပြည်တော်ဆွေးနွေးပွဲမှာ သဘောတူညီကြပြီးနောက် သပိတ်စစ်ကြောင်းအချို့ ခေတ္တရပ်နားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013