ဒေါ်အောင်ဆန်းစုကြည်နေအိမ် သမိုင်းဝင်ဂိတ်တံခါးကြီး လေလံတင်မည်
DVB
·
January 30, 2015
တက္ကသိုလ်ရိပ်သာလမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နေအိမ် ဂိတ်တံခါးကြီးနဲ့အိမ်နံပါတ်ပြားတို့ကို ကြမ်းခင်းဈေး သိန်း ၂၀၀၀ နဲ့ လေလံတင်ရောင်းချတော့မယ်လို့ ဦးစိုးညွန့် (တော်ဝင်နှင်းဆီ) က ဒီနေ့ လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ကတဆင့် ကြေညာလိုက်ပါတယ်။
ဂိတ်တံခါးကြီး အိမ်နံပါတ်ပြားတို့ကို လက်ဝယ်ရရှိထားတာ ကြာပြီဖြစ်ပြီး သားစဉ်မြေးဆက် ထိန်းသိမ်းထားလိုပေမယ့် ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀ ပြည့် မွေးနေ့အခမ်းအနားနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ် တည်ဆောက်ရေးတို့အတွက် လှူဒါန်းဖို့ လေလံတင်ရောင်းချတာလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
လေလံပွဲအသေးစိတ်ကို မကြာမီရက်ပိုင်းအတွင်း ကြေညာသွားမယ်လို့ ဆိုပါတယ်။
ကြေညာချက်အပြည့်အစုံ ကြည့်ရှုရန်