Home
သတင်းဓာတ်ပုံ
လက်ဝါးကားတိုင် ဖယ်ရှားခိုင်းမှု ချင်းလူမျိုးများ ဆုတောင်းပွဲပြုလုပ် (ဓာတ်ပုံ)
DVB
·
January 30, 2015
d7 copy
d6 copy
d5 copy
d4 copy
d3 copy
d2 copy
d1 copy
ချင်းပြည်နယ် ဟားခါးမြို့အနီးမှာ စိုက်ထူထားတဲ့ လက်ဝါးကားတိုင်ကို  ပြည်နယ်အစိုးရက ဇန်န၀ါရီ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ရှားမယ့်အရေးအတွက် ရန်ကုန်ရောက် ချင်းလူမျိုးများက စုပေါင်းဆုတောင်းပွဲကို ဇန်န၀ါရီ ၂၉ ရက်ညနေပိုင်းမှာ ရန်ကုန်မြို့တော်ခန်းမရှေ့ တွင် စုပေါင်းဆုတောင်းပွဲပြုလုပ်ခဲ့ပါတယ်။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကလည်း ခရစ်ယာန်လက်ဝါးကားတိုင်ကိုဖယ်ရှားဖို့ ပြည်နယ်အစိုးရက ထုတ်ထားတဲ့အမိန့်ကို ရုပ်သိမ်းဖို့နဲ့ လက်ဝါးကားတိုင်စိုက်ထူသူ ချင်းအမျိုးသားဦးတီာလ်ကျဲမ်းအပေါ် တရားစွဲထားမှု ရုပ်သိမ်းဖို့ တိုက်တွန်းလိုက်ပါတယ်။ အဆိုပါ လက်ဝါးကားတိုင်ကို ၂၀၁၄ ခုနှစ် ဧပြီ ၂၉ ရက်နေ့မှာ ဟားခါးမြို့နယ်နဲ့ ခရိုင်တာဝန်ရှိသူရဲ့ ခွင့်ပြုချက်နဲ့ တည်ဆောက်ခဲ့တာ ဖြစ်ပေမယ့် ၂၀၁၄ အောက်တိုဘာလမှာ အဲဒီခွင့်ပြုမိန့်ကို ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဟားခါးမြို့ခံတွေက လာမယ့် ဖေဖော်ဝါရီလဆန်းမှာ ဆန္ဒထုတ်ဖော်ဖို့ အစီအစဉ်ရှိနေပါတယ်။ ဓာတ်ပုံ - ဒီဗွီဘီ [gallery ids="79319,79320,79321,79322,79323,79324,79325"]  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024