A d v e r t i s e m e n t With Us

ဝန်ထမ်းများအတွက် အခမဲ့ဆေးကုစရိတ် ကျပ် ၃၇ ဘီလီယံ တောင်းခံ

ပြည်သူ့ဆေးရုံကြီး (ဓာတ်ပုံ - http://missionrestore.org)
နိုင်ငံဝန်ထမ်းတွေအတွက် အခမဲ့ဆေးကုသစရိတ်အပါအ၀င် ကျန်းမာရေးအသုံးစရိတ် စုစုပေါင်း ကျပ်ငွေ ၇၅၇ ဒသမ ၄ ဘီလီယံချပေးဖို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်က  ပြည်ထောင်စုလွှတ်တော်မှာ တင်ပြတောင်းခံလိုက်ပါတယ်။ ဇန်န၀ါရီ ၂၉ ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ၂၀၁၅ ခုနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ဆွေးနွေးရာမှာ တင်ပြ သွားတာပါ။ [caption id="attachment_63533" align="aligncenter" width="586"] ပြည်သူ့ဆေးရုံကြီး (ဓာတ်ပုံ - http://missionrestore.org) ပြည်သူ့ဆေးရုံကြီး (ဓာတ်ပုံ - http://missionrestore.org)[/caption] ကျန်းမာရေးဝန်ကြီး ဒေါက်တာသန်းအောင်က ကျန်းမာရေးအသုံးစရိတ် စုစုပေါင်း  ၇၅၇ ဒသမ ၄ ဘီလီယံ တင်ပြထားပြီး ရန်ပုံငွေရဲ့ ၃ ပုံ ၂ ပုံကို ပြည်သူ့ ဆေးဝါးကုသရေးအတွက် သုံးဖို့လျာထားတဲ့အကြောင်း ကျန်အသုံးစရိတ်တွေကိုတော့ ကုသရေးဦးစီးဌာနရဲ့ လစာစရိတ်၊ ဆေးဝါး၊ စက်ပစ္စည်းဝယ်ယူစရိတ်နဲ့ အဆောက်အအုံတွေ တိုးချဲ့ဆောက်လုပ်ရာမှာ သုံးစွဲသွား မယ်လို့  ပြောပါတယ်။ ဒါ့ပြင် အထူးအစီအစဉ်အနေနဲ့  နိုင်ငံ့ဝန်ထမ်းတွေကို အခမဲ့ဆေးကုသမှုပေးနိုင်ဖို့ ၀န်ထမ်း အင်အား ၉ သိန်းအတွက် ပျမ်းမျှ ၄ သောင်းနှုန်းနဲ့ တွက်ချက်ပြီး ဆေးကုသစရိတ် ကျပ်ငွေ  ၃၇ ဘီလီယံ လျာထားတယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထဲမှာ စစ်အသုံးစရိတ်ကို များများသုံးပြီး ပညာရေးနဲ့ ကျန်းမာရေး အသုံးစရိတ် အနည်းဆုံးသုံးတဲ့နိုင်ငံ တနိုင်ငံအဖြစ်ဝေဖန်ခံနေရတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှာ  မြန်မာနိုင်ငံရဲ့ ကျန်းမာရေး ဘတ်ဂျက်က  အစိုးရဘတ်ဂျက်ရဲ့၃ ဒသမ ၈၄ ရာခိုင်နှုန်း ဖြစ်တဲ့ ကျပ်ငွေ ၆၅၂  ဘီလီယံရရှိခဲ့တာဖြစ်ပါတယ်။ ပြည်သူတဦးချင်းစီအတွက် ကျန်းမာရေး အသုံးစရိတ်ကျခံသုံးစွဲမှု တနှစ်ကို အနည်းဆုံးကန်ဒေါ်လာ ၃၀ ကနေ ၄၅ ဒေါ်လာအထိ ရှိသင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က အကြံပြု ထားတာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ပြည်သူတဦးချင်းအတွက် ကျန်မာရေး စရိတ်သုံးစွဲမှု တနှစ် ကန်ဒေါ်လာ ၁၁ ဒေါ်လာနှုန်းလောက်ပဲရှိနေတာဖြစ်ပါတယ်။ ကာကွယ်ရေးဝန်ကြီးကတော့ လာမည့်ဘဏ္ဍာနှစ်အတွက် စစ်အသုံးစရိတ်ကိုတော့ ကျပ်ငွေ ၂၇၅၀ ဘီလီယံချပေးဖို့  လွှတ်တော်မှာ တောင်းခံထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up