DVB Logo
Home
မြန်မာသတင်း
အသက် ၁၂ နှစ်အရွယ် မြန်မာကလေးငယ်ကို ပထွေးက မုဒိမ်းကျင့်
DVB
·
January 30, 2015
အသက် ၁၂ နှစ်အရွယ် မြန်မာကလေးငယ်ကို ပထွေးက မုဒိမ်းကျင့်
1 / 2
Donate to DVB

ထိုင်းနိုင်ငံ အနောက်ဘက် ရာ့ခ်ျပူရီခရိုင် ရာ့ခ်ျပူရီမြို့မှာ အသက် ၁၂ နှစ် မြန်မာ မိန်းကလေးတဦး ပထွေးရဲ့မုဒိမ်းကျင့်တာ ခံရတယ်လို့ ထိုင်း မန်နေဂျာအွန်လိုင်းမှာ ဖော်ပြပါတယ်။

ရာ့ခ်ျပူရီမြို့ ဆောက်လုပ်ရေးအလုပ်သမားတန်းလျားမှာ နေထိုင်သူ အသက် ၁၂ နှစ် မိန်း ကလေးနောင့်နစ် (အမည်ရင်းမဟုတ်) ကို ပထွေး ဦးသန်းဇော် (အသက် ၄၁) နှစ်က မုဒိမ်းကျင့်ခဲ့တဲ့အကြောင်း မိခင်ဖြစ်သူက ဇန်န၀ါရီ ၂၉ ရက်နေ့မှာ ရာ့ခ်ျပူရီရဲစခန်းကို လာရောက်တိုင်ကြားအမှုဖွင့်ခဲ့တယ်လို့  စခန်းမှူးက သတင်းထောက်တွေကို ပြောပါတယ်။

နောင့်နစ်ရဲ့ မိခင် အသက် ၃၃ နှစ် နန်းမွေ (အမည်ရင်းမဟုတ်) ရဲ့ ပြောကြားချက်အရ ဦးသန်းဇော်နဲ့ သူမပေါင်းသင်းနေထိုင်ရာမှာ သားသမီး ၄ ဦးရှိပြီး နောင့်နစ်ကတော့ အရင်အိမ်ထောင်နဲ့ရခဲ့တဲ့ သမီးဖြစ်တယ်လို့ ဆိုပါတယ်။

မိသားစုအားလုံးဟာ တန်းလျားမှာ တခန်းတည်း အတူယှဉ်အိပ်ကြပြီး သမီးလည်း သူ့ဖခင်နဲ့ ယှဉ်အိပ်ကြောင်း၊ ၂၉ ရက်နေ့ မနက်စောစောမှာ သမီးနောင့်နစ်ကို အ၀တ်အစားမပါဘဲ ထိုင်ငိုနေတာတွေ့ရပြီး၊ ချော့မော့မေးမြန်းရာမှာ ပထွေးရဲ့ မတရားကျင့်ခံရကြောင်း ပြောတယ်လို့  ဆိုပါတယ်။

558000001203102ရဲစခန်းက သက်ဆိုင်ရာမှုခင်းဆရာဝန်တွေနဲ့ ဆေးစစ်ကြည့်ရာမှာ မိန်းကလေးကိုယ်မှာ အမှန်တကယ် မုဒိမ်းကျင့်ခံရကြောင်း တွေ့ရှိရတဲ့အတွက် ပထွေးဖြစ်သူ ဦးသန်းဇော်ကို ခေါ်ယူ စစ်ဆေးခဲ့ကြောင်း၊ ဦးသန်းဇော်က သူ့အနေနဲ့ တမင်ရည်ရွယ်တာ မဟုတ်ဘဲ အိပ်မက်လို ဝေေ၀ါးဝါးဖြစ်နေတယ်လို့ ဖြေဆိုပါတယ်။

နောင့်နစ်ကတော့  မတရားကျင့်ခံရတာ အရင်ကတည်းကဖြစ်ပြီး ၄ -၅ ကြိမ်ခန့်ရှိပြီ ဖြစ်ကြောင်း၊ သူများကိုပြောရင် ရိုက်မယ်လို့ ခြိမ်းခြောက်ခံထားရကြောင်း ဖွင့်ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရာ့ခ်ျပူရီရဲစခန်းက ဦးသန်းဇော်ကို လိုအပ်သလို ဆက်လက်စစ်ဆေး အရေးယူဖို့  ဖမ်းဆီးထားတယ်လို့ စခန်းမှူးက သတင်းထောက်တွေကို ပြောပါတယ်။

သတင်းဓာတ်ပုံ -manager.co.th

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013