DVB Logo
Home
မြန်မာသတင်း
မျိုးစောင့်ဥပဒေကို အရပ်ဘက်အဖွဲ့အစည်းများ လွှတ်တော်တွင်သွားရောက်ကန့်ကွက်
DVB
·
January 30, 2015
မျိုးစောင့်ဥပဒေကို အရပ်ဘက်အဖွဲ့အစည်းများ လွှတ်တော်တွင်သွားရောက်ကန့်ကွက်
Donate to DVB

လွှတ်တော်နှစ်ရပ်မှာ ဆွေးနွေးနေတဲ့ မျိုးစောင့်ဥပဒေမူကြမ်း ၄ ခုနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးချိုးဖောက်တဲ့ အချက်တွေနဲ့ အကြံပြုချက်တွေကို အရပ်ဘက်လူမှုအဖွဲ့အစည်း ၁၈၀က  ထောက်ခံလက်မှတ်ထိုးပြီး  လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကော်မတီတွေထံ ဒီကနေ့ သွားရောက် ပေးပို့လိုက်ပါတယ်။

Parliment start 19012015(1မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများအထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေကြမ်း၊ တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကြမ်းတွေမှာ ပါဝင်တဲ့ အချက်တွေဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးကြေညာစာတမ်း၊ ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် စတဲ့ နိုင်ငံတကာစာချုပ်တွေပါ အချက်တွေကို ချိုးဖောက်နေတယ်လို့  ဆိုပါတယ်။

ဒါကြောင့် အမျိုးသမီးအခွင့်အရေးဆောင်ရွက်နေတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ဝေဖန်အကြံပြုချက်တွေကိုလွှတ်တော်ထံ သွားရောက် ပေးပို့လိုက်တာလို့  ကျားမတန်းတူညီမျှရေးကွန်ယက်က ဒေါ်မေစံပယ်ဖြူကပြောပါတယ်။

ဒီဥပဒေတွေပေါ်ပေါက်လာဖို့ စတင်ကြိုးပမ်းခဲ့တဲ့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ က မကွေးဆရာတော် ဦးပါမောက္ခကတော့ ဒီဥပဒေတွေဟာ မြန်မာနိုင်ငံအတွက် လိုအပ်နေတဲ့ ဥပဒေတွေ ဖြစ်တယ်လို့  မိန့်ပါတယ်။

အရပ်ဖက်အဖွဲ့အစည်းတွေကတော့ မျိုးစောင့်ဥပဒေတွေအစား အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေကြမ်းကို အမြန်ဆုံးရေးဆွဲအတည်ပြု ပြဌာန်းနိုင်ဖို့ အစိုးရအနေနဲ့ ပံ့ပိုးကူညီသင့်တယ်လို့  အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013