DVB Logo
Home
မြန်မာသတင်း
ရွာသားပိုင် အိမ်မွေးတိရစ္ဆာန် အဓမ္မသိမ်းယူမှု အစိုးရတပ်လျော်ကြေးပြန်ပေး
DVB
·
January 29, 2015
ရွာသားပိုင် အိမ်မွေးတိရစ္ဆာန် အဓမ္မသိမ်းယူမှု အစိုးရတပ်လျော်ကြေးပြန်ပေး
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲမှာ  ရွာသားပိုင် အိမ်မွေးတိရစ္ဆာန်တွေကို အဓမ္မယူဆောင်ခဲ့ပြီးနောက် နယ်မြေအခြေစိုက် အစိုးရတပ်က လာရောက်လျော်ကြေးပေးသွားတယ်လို့ မြို့နယ်အုပ်ချုပ်ရေးက ပြောပါတယ်။

[caption id="attachment_51617" align="alignright" width="300"]ပေါ်တာအဖြစ် ခိုင်းစေခံရသူများ (၂၀၁၁ ခုနှစ် ဇန်န၀ါရီ၊ ကရင်ပြည်နယ်အတွင်းတနေရာ) ပေါ်တာအဖြစ် ခိုင်းစေခံရသူများ (၂၀၁၁ ခုနှစ် ဇန်န၀ါရီ၊ ကရင်ပြည်နယ်အတွင်းတနေရာ)[/caption]

တာမိုးညဲမြို့နယ်ခွဲ ရပ်ကွက် ၈ မှာနေထိုင်သူ ဦးဖုန်ဝင်ရှိရဲ့အိမ်က ကြက် ၄ ကောင်၊ ဘဲ ၂ ကောင်နဲ့ ၀က် ၁ ကောင်ကို အစိုးရစစ်သား ၄ ဦးက အဓမ္မယူသွားကြောင်း ပြီးခဲ့တဲ့ ၂၆ ရက်နေ့ ညက လာရောက်တိုင်တန်းခဲ့တဲ့အတွက် စစ်တပ်ကို အကြောင်းကြားခဲ့တာလို့ တာမိုးညဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနှစ်ဆန်းဦးက ဒီဗွီဘီကို ပြောပါတယ်။

“ရွာသားတွေက စစ်တပ်ကလုပ်တယ်ပြောလို့ ကျနော်ကလည်း ၂၉၀ တပ်ရင်းကို အကြောင်းကြားပေးလိုက်တာပါ။ တပ်တာဝန်ရှိသူတွေက အဲဒီအိမ်ကို ရောက်လာပြီး ၀က် ၁ ကောင်ရဲ့ တန်ဖိုး လျော်ပေးခဲ့တယ်။ ဒါပေမယ့် တရားခံဘယ်သူလဲ ဆိုတာတော့ မသိဘူးလို့ပြောတယ်။ ဗမာစကားပြောရုံနဲ့ စစ်တပ်လို့ စွပ်စွဲလို့ မရဘူး။ အလျော်ပေးတာကတော့ စစ်တပ်နာမည်ပျက်မှာစိုးလို့၊ မလိုလားအပ်တဲ့ ပြဿ နာတွေ ဖြစ်မှာစိုးလို့ လျော်ပေးလိုက်တာလို့ ပြောတယ်ခင်ဗျ။ တရားခံအစစ် ဘယ်သူဘယ်ဝါ ဆိုတာတော့ စုံစမ်းနေတုန်းပဲ။”

အမည်မဖော်လိုသူ ရွာသားတဦးကတော့ အိမ်ခြေနည်းနည်းပဲရှိတဲ့ သူတို့ရွာမှာ အားလုံးသိကြကြောင်း၊ စစ်သား ၄ ဦးက ကြက် ၄ ကောင်၊ ဘဲ ၂ ကောင်ကို အရင်ယူပြီး ၀က်ကို ဓားနဲ့ထိုးနေတုန်း အိမ်ရှင်က ၀င်တားလိုက်တာလို့ ပြောပါတယ်။

ဝက်က မသေပေမယ့် စစ်တပ်တာဝန်ရှိသူတွေကတော့ အိမ်ရှင်ကို ကျပ်ငွေ ၅ သောင်း ၅ ထောင်လာပေးပြီး ကျေအေးဖို့ပြောသွားတယ်လို့   ဒေသခံရွာသားက ပြောပါတယ်။

အရင်ကလည်း တာမိုးညဲက ကျေးရွာတွေမှာ စစ်သားတွေက ရွာသားပိုင် အိမ်မွေးတိရစ္ဆာန်တွေ ယူငင်သွားတာရှိပေမယ့် လျော်ကြေးကတော့ ဒီတခေါက်မှရဖူးတာလို့ ဒေသခံက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013