DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မွန်အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းပါဝင်လို
DVB
·
January 28, 2015
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မွန်အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းပါဝင်လို
Donate to DVB

အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်မှာ မွန်ပြည်နယ်က အရပ်ဘက် အဖွဲ့အစည်းတွေ ပါဝင်နိုင်ရေးအတွက် ငြိမ်းချမ်းရေးဖိုရမ်ဆွေးနွေးပွဲတခု မော်လမြိုင်မြို့မှာ ၂ ရက်တာ ကျင်းပခဲ့ပါတယ်။

10941908_409391305903456_3858041613530855234_nမွန်ပြည်နယ်က အရပ်ဘက်လူမှုအဖွဲ့အစည်းတွေအနေနဲ့ အစိုးရဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ပေါ် နားလည်သဘောပေါက်ပြီး ဘယ်လို အခန်းကဏ္ဍက ပူးပေါင်းပါဝင်နိုင်မလဲ ဆိုတဲ့အကြောင်းတွေ အဓိကထားဆွေးနွေးခဲ့ကြတယ်လို့ ဖိုရမ်ဖြစ်မြောက်ရေးကော်မတီဝင် ဦးကြည်ဇော်လွင်က ဒီဗွီဘီကို ပြောပါတယ်။

“လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်က ဘယ်အတိုင်းအတာထိရောက်နေပြီလဲ၊ ဘယ်လိုအခက်အခဲနဲ့ ကြုံနေသလဲ ဆိုတာတွေ သိရဖို့ပေါ့၊ ဒီလိုမှ မဟုတ်ရင် ငြိမ်းချမ်းရေးအဆင့်က ဘယ်ထိရောက်နေပြီလဲ ဆိုတာမသိဘူး။ ကိုယ်နားလည်ထားတာနဲ့ တကယ်ဖြစ်နေတာနဲ့ တူချင်မှတူမယ်လေ။ ဖိုရမ်ကနေ အစိုးရရဲ့ လုပ်ငန်းစဉ်တွေ ပိုသိရသလို မိမိကိုယ်ကိုယ်လည်း သိလာမယ်၊ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်နိုင်မလဲ ဆိုတာတွေ တွေးမိလာတာပေါ့လေ။”

ဒီဖိုရမ်မှာ မွန်ပြည်နယ်ထဲက လူငယ်၊ အမျိုးသမီး၊၊ ပညာရေး၊လူ့အခွင့်အရေးနဲ့ သယံဇာတ ထိန်းသိမ်းရေးဆိုင်ရာ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်ပေါင်း ၂၀၀ ကျော်က လူငယ်နဲ့ ငြိမ်းချမ်းရေး၊ အမျိုးသမီးနဲ့ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ မြေယာပြဿ နာ၊ မီဒီယာနဲ့ ငြိမ်းချမ်းရေးစတဲ့ ခေါင်းစဉ် ၇ ခုအောက်မှာ အုပ်စုလိုက် ဆွေးနွေးခဲ့ကြတာပါ။

ဒီဖိုရမ်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက သူတို့ဆောင်ရွက်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်လို့ လာရောက်ရှင်းလင်းပြောကြားခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီက အစိုးရတာဝန်ရှိသူတွေကို ဖိတ်ကြားထားပေမယ့် ရောက်မလာခဲ့ဘူးလို့ ဖိုရမ်ကော်မတီက ပြောပါတယ်။

ဇန်န၀ါရီ ၂၇ မှ ၂၈ အထိ ၂ ရက်တာ ကျင်းပတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းများဆိုင်ရာ ငြိမ်းချမ်းရေးဖိုရမ်ကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းအတွင်းက အရပ်ဘက်အဖွဲ့ အစည်းပေါင်း ၃၀ လောက်က ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013