ပြင်ဦးလွင်ပဋိပက္ခ ဒဏ်ရာရလူငယ်ကို မန္တလေးဆေးရုံကြီး လွှဲပြောင်း

ပြင်ဦးလွင်မြို့မှာ အစိုးရတပ်နဲ့ အရပ်သားတွေကြား ဖြစ်ပွားတဲ့ ပဋိပက္ခမှာ ရိုက်နှက်ခံရပြီး ၇ ချက်ချုပ်လိုက်ရတဲ့ အသက် ၂၀ အရွယ် ကိုနိုင်ဟာ ဦးနှောက်သွေးခဲမှုကြောင့် ဒီနေ့ညနေပိုင်း မန္တလေးဆေးရုံကြီးကို လွှဲပြောင်းလိုက်ပါတယ်။ မန္တလေးတိုင်း ပြင်ဦးလွင်မြို့ တပ်မတော်အင်ဂျင်နီယာတပ်(ဘီအီးတပ်)က ပိုင်ဆိုင်တဲ့ မြေပေါ်မှာ အစိုးရတပ်နဲ့ အရပ်သားတွေကြား ပဋိပက္ခဖြစ်ပွားပြီး ရိုက်နှက်မှုတွေ ဖြစ်ခဲ့တဲ့အတွက် ရွာသား ၅ ဦး ဒဏ်ရာရခဲ့ပြီး ၂ ဦးကို ပြင်ဦးလွင် ဆေးရုံတင်ထားရတာပါ။ ဒေသခံတွေက အဲဒီမြေပေါ်မှာ နှစ် ၂၀ နီးပါး အခွန်ဆောင် နေနေရာမှာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကစလို့ စစ်တပ်ကဖယ်ပေးဖို့ ညွှန်ကြားထားသလို မနေ့က စည်းရိုးခတ်လာတဲ့အတွက် ထိပ်တိုက်တွေ့ပြီး ရိုက်နှက်မှုတွေ ဖြစ်ခဲ့တာပါ။ [gallery ids="79105,79106,79107"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up