DVB Logo
Home
မြန်မာသတင်း
ကျူးကျော်များအတွက် အိမ်ရာဆောက်လုပ်ပေးမည်
DVB
·
January 28, 2015
ကျူးကျော်များအတွက် အိမ်ရာဆောက်လုပ်ပေးမည်
Donate to DVB

မြန်မာနိုင်ငံတွင်းက ကျူးကျော်နေထိုင်သူတွေအတွက် အငှားချပြည်သူ့အိမ်ရာစနစ် အကောင် အထည်ဖော် ဆောင်ရွက်သွားမယ် လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးစိုးတင့်က ပြောကြားလိုက်ပါတယ်။

ဇန်န၀ါရီလ ၂၇ ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ရွှေပြည်သာအမတ် ဦးတင်မောင်ဦးက အခြေခံလူတန်းစားတွေအတွက် အရစ်ကျပေးချေရတဲ့ တိုက်ခန်းတွေ ကိစ္စမေးမြန်းရာမှာ ပြောကြားသွားတာပါ။

House4 copyဒုဝန်ကြီး ဦးစိုးတင့်က “နေထိုင်ရန် မြေပိုင်ဆိုင်မှုမရှိသူများဆိုသည်မှာ အနယ်နယ် အရပ်ရပ်မှ ရန်ကုန်မြို့သို့ အလုပ်အကိုင်ရှာဖွေရင်း ပြောင်းရွှေ့လာကြသော ကျူးကျော် မိသားစုများနှင့် ရန်ကုန်မြို့တွင် ကျူးကျော်တဲအိမ်များအဖြစ် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သည့် မိသားစုများဖြစ်ပါကြောင်း၊ ထိုသို့ အနေကြာ ကျူးကျော်တဲအိမ်များစာရင်းကို သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များမှ စာရင်းကောက်ယူလျက်ရှိသည့်အပြင် အငှားချပြည်သူ့အိမ်ရာစနစ်ကိုလည်း  အကောင် အထည်ဖော်ရန် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ပြည်နယ်အစိုးရအဖွဲ့များနှင့် ညှိနှိုင်း ဆောင်ရွက်သွားမည်” လို့ လွှတ်တော်မှာပြောပါတယ်။

ဒါ့ပြင် ၀င်ငွေနည်း အခြေခံလူတန်းစားတွေ ၀ယ်နိုင်မယ့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွေ ရေးဆွဲဆောင်ရွက်နေပြီး လစဉ်အရစ်ကျ၊ နှစ်ရှည်ပေးသွင်းစနစ်နဲ့ အိမ်ရာတွေဝယ်နိုင်အောင်  အသေးစိတ်တွက်ချက် စီစဉ်ပေးသွားမယ်လို့လည်း ဒုဝန်ကြီး ဦးစိုးတင့်က ပြောပါတယ်။

ဒါပေမယ့် ကျူကျော်နေထိုင်သူ မိသားစုတွေအတွက် ဘယ်မြို့နယ်တွေမှာ ဘယ်လိုအိမ်ရာတွေကို  အရေအတွက် ဘယ်လောက် များများ ဆောက်လုပ်ပေးသွားမယ်ဆိုတာကိုတော့ ရှင်းလင်းပြောကြားခဲ့ခြင်း မရှိပါဘူး။

အိမ်ရာ မရှိသေးတဲ့ ပြည်သူတွေအတွက် တန်ဖိုးနည်းအိမ်ရာတွေကို ရန်ကုန်နဲ့ မန္တလးမြို့ကြီးတွေမှာ လွန်ခဲ့တဲ့နှစ်တွေကတည်းက အစိုး၇က ဆောက်လုပ်ပေးနေပြီး ပြန်လည် မဲနှိုက်ရောင်းချပေးနေတာဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ကတော့ ဆင်းရဲနွမ်းပါးအိုးအိမ်မဲ့သူတွေ နေထိုင်နိုင်အောင် သက်သာတဲ့ဈေးနှုန်းနဲ့ အိမ်ရာတည်ဆောက်ပေးတာကို ရန်ကုန်နဲ့ မန္တလေးမှာသာမက တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မုံရွာ၊ မကွေးနဲ့ စစ်တွေစတဲ့ မြို့တွေမှာပါ တည်ဆောက်ပေးဖို့ တိုက်တွန်းပြောကြား ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013