DVB Logo
Home
မြန်မာသတင်း
မြန်မာထံမှ လုယက်ခြင်း နယူးယောက်တိုင်းမ် အယ်ဒီတာအာဘော် တရုတ်တုံ့ပြန်
DVB
·
January 28, 2015
မြန်မာထံမှ လုယက်ခြင်း နယူးယောက်တိုင်းမ် အယ်ဒီတာအာဘော် တရုတ်တုံ့ပြန်
Donate to DVB

“မြန်မာထံမှ လုယက်ခြင်း” နယူးယောက်တိုင်မ်း အယ်ဒီတာ့အာဘော်ဟာ အချက်အလက် မမှန်ကန်ဘူးလို့ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနက တုံ့ပြန်ုလိုက်ပါတယ်။

ဇန်န၀ါရီ ၂၃ ရက် နယူးယောက်တိုမ်းရဲ့ အယ်ဒီတာ့အာဘော်မှာ တရုတ်က မြန်မာရဲ့ အဖိုးတန် သယံဇာတ လုယူရာမှာ တာဝန်ရှိသလို ရှားပါးသတ္တ၀ါ ကျားအစိတ်အပိုင်းကနေ ကြေးနီအထိ တရုတ်ရဲ့ ရယူလိုမှုက ပတ်ဝန်းကျင်နဲ့ နိုင်ငံရေး တည်ငြိမ်မှုကို ပျက်ပြားစေတယ်လို့ ရေးသားခဲ့တာပါ။NewYork Time

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟွာချွန်ယင်းကတော့ ဒီအယ်ဒီတာအာဘော်ကို လုံးဝ သဘောမတူသလို တရုတ်-မြန်မအကြား တင်းမာမှုကို ဖြစ်စေတယ်လို့ ပြောပါတယ်။

မကြာသေးမီက ကချင်ပြည်နယ်မှာ သစ်ခိုးထုတ်တဲ့ အမှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ တရုတ်နိုင်ငံသားတွေကိစ္စ စုံစမ်းဖို့ တရုတ်အရာရှိတွေ မြန်မာကို လာရောက်ခဲ့သလို တရုတ်ကို တရားမ၀င် သစ်ပို့နေတာဟာ ကြီးမားတဲ့ ပြဿနာ ဖြစ်တဲ့အကြောင်း သစ်ပင်တွေ ၃ နှစ်အတွင်း ကုန်သွားနိုင်တယ်လို့ ပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေး အေဂျင်စီတွေ အပြောကို ကိုးကားပြီး အယ်ဒီတာ့အာဘော်မှာ ရေးပါတယ်။

မြန်မာလူထုအနေနဲ့ ဒီလိုလုယက်မှုတွေကို ရပ်တန်ဖို့ ဆန္ဒရှိနေသလို တိုင်းပြည်ကလည်း လူ့အခွင့်အရေးနဲ့ သဘာဝ ပတ်ဝန်းကျင်ကို လေးစားလိုက်နာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေတယ်လို့ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက တရုတ်နိုင်ငံ ၀န်ကြီးချုပ်ဟောင်း ၀မ်ကျားပေါင်နဲ့ ဆွေမျိုးတွေရဲ့ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး စုံစမ်းထောက်လှမ်း ရေးသားတဲ့ နယူးယောက်တိုင်းမ် ဆောင်းပါးကြောင့် ဒီသတင်းဌာနကို တရုတ် နိုင်ငံမှာ ပိတ်ပင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013