DVB Logo
Home
မြန်မာသတင်း
သပိတ်မှောက်ကျောင်းသားများအရေး ညှိနှိုင်းအဖြေရှာရန် အန်အယ်ဒီနှင့် ကြံ့ဖွံ့ ခေါင်းဆောင်များ တိုက်တွန်း
DVB
·
January 27, 2015
သပိတ်မှောက်ကျောင်းသားများအရေး ညှိနှိုင်းအဖြေရှာရန် အန်အယ်ဒီနှင့် ကြံ့ဖွံ့ ခေါင်းဆောင်များ တိုက်တွန်း
Donate to DVB

ဒေါ်အောင်ဆန်းစုကြည် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ)

DASSK Specch 67MartyrDay“ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ပြဿ   နာတွေကို အကောင်းဆုံးဖြေရှင်းတဲ့နည်းကတော့ ညှိနှိုင်းပြီးဆွေးနွေးပြီး  ဖြေရှင်းရမှာပဲ။ ပြဿ  နာဖြေရှင်းတယ်ဆိုတာ တစ်ဖက်ထဲတော့မဟုတ်ဘူး။ ဟိုဘက်ဒီဘက်ပေါ့နော် အားလုံးက အပေးအယူလုပ်ဖို့အဆင်သင့်ရှိရမယ်။  ဒီမိုကရေစီမှာ အပေးအယူလုပ်တယ်ဆိုတာ တဖက်က ငါလိုချင်တာ ၁၀၀ ရာခိုင်နှုန်းရမှဆိုရင် အပေးအယူဘယ်တော့မှမဖြစ်ဘူး။ အပေးအယူ ဆိုတာ ကိုယ့်ဘက်ကလည်းနည်းနည်းပေးရမယ်။ ဟိုဘက်ကလည်း ပေးရမယ်။ ကိုယ့်ဖက်ကလည်း ယူမယ်၊ ဟိုဘက်ကလည်း ယူမယ်၊ ဒါဒီမိုကရေစီယဉ်ကျေးမှုရဲ့ အခြေခံပဲ။”

 

ဦးဌေးဦး (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ)

[caption id="attachment_29080" align="alignleft" width="211"]ဦးဌေးဦး ဦးဌေးဦး[/caption]

“ကျောင်းသားတွေကလည်း သူ့ယုံကြည်ချက်နဲ့သူ လုပ်တာပေါ့။ သို့သော်လည်းပဲသူတို့ တောင်းဆိုထားတယ်ဆိုတဲ့ အချက်တွေနဲ့ပတ်သက်လို့ အစိုးရအပေါ်လည်း ရောက်တယ်၊ လွှတ်တော်လည်း ရောက်တယ်။ ရောက်ပြီးတဲ့ဟာကို အခုလွှတ်တော်ကလည်း စဉ်းစားနေတယ်။ အစိုးရအဖွဲ့ကလည်း စဉ်းစားနေတယ်။ ဒါတွေပေါင်းပြီးတော့ ညှိနှိုင်းဖြေရှင်းလိုက်ရင် ပြီးသွားမှာပေါ့။  လမ်းလျောက်ချင်လို့လျောက်တာမဟုတ်ပါဘူး။ လိုချင်လို့လျောက်တာပါ။ လိုချင်တဲ့ဟာကို ညှိနှိုင်းဖြေရှင်းလိုက်ရင် ပြီးသွားမှာပါ။”

 

 

ဦးအောင်သောင်း (ကြံ့ခိုင်ရေးပါတီ၊ တောင်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

u aung thaung“တားဆီးတာတော့ မရှိပါဘူး။ အုပ်ချုပ်ရေးဘက်ကတော့ မသိဘူးလေ။ အဘတို့ဘက်ကတော့ ဘာမှ မလုပ်ပါဘူး။ အဘတို့ကတော့ မေတ္တာရပ်ခံတယ်။ မြို့မိမြို့ဖအနေနဲ့ လွှတ်တော်ကလည်း လုပ်ပေးမယ်။ သမ္မတကြီးကလည်း လုပ်ပေးမယ်။ ပညာရေးဌာနကလည်း ပြန်ဆွဲနေတယ်။  ကျောင်းသားတွေ လိုအပ်ချက် ၄ ချက်လည်း ပါမယ်။ အဲဒါကြောင့် အေးအေးဆေးဆေးလုပ်ပါ။  ပြည်သူတွေက ခုလိုသွားရင် လန့်တယ်ကြောက်တယ်၊ စိုးရိမ်နေတယ်။ ဒါကြောင့်မို့ ကျောင်းသားတွေ ဆက်မလုပ်ဖို့ မေတ္တာရပ်ခံမယ်။ ဒါလေးပဲ အကယ်၍ သွားမယ်ဆိုလည်း သူ့ဘာသာသူဆက်သွားပေါ့။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013