A d v e r t i s e m e n t With Us

တောင်သာတွင် ကျောင်းသားသပိတ်စစ်ကြောင်းနှင့် စွမ်းအားရှင် ထိပ်တိုက်ရင်ဆိုင်

မြင်းခြံကနေ ဒီမနက်ထွက်တဲ့ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး သပိတ်စစ်ကြောင်းဟာ တောင်သာမြို့အနီး ကားလမ်းမှာ စွမ်းအားရှင်တွေရဲ့ တားမြစ်လမ်းပိတ်ဆို့မှုနဲ့ ကြုံတွေ့နေရတယ်လို့ ကျောင်းသားကျောင်းသူတွေက ပြောပါတယ်။ Student Protest ban Police at ToungThar27012015(2မန္တလေးက ပညာရေးဝန်ကြီးဌာန ညွန်ချုပ်အဆင့်တာဝန်ရှိသူတဦး လာရောက်ပြီး ကျောင်းသားတွေနဲ့ ဆွေးနွေးနေသလို လမ်းပိတ်ဆို့ထားတဲ့ အရပ်ဝတ်တွေကလည်း လက်နက် ဒိုင်းတွေ ကိုင်ဆောင်ထားကြတယ်လို့ ဆိုပါတယ်။ တားမြစ်သူတွေဘက်က ကျောင်သားတွေကို အာဖဂန်နစ္စတန်လို့ ဖြစ်သွားနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ကျောင်းသားတွေရဲ့သပိတ်စစ်ကြောင်းဟာ ပိတ်ဆို့တဲ့နေရာနဲ့ မလှမ်းမကမ်းမှာ ရောက်ရှိနေပါတယ်။ ဒီစစ်ကြောင်းမှာပါဝင်တဲ့ ကျောင်းသား ၂ ဦးနဲ့ ကျောင်းသူတဦးကို ညနေ ၃ နာရီခွဲမှာ ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ အသံဖိုင်နားဆင်ရန်...

A d v e r t i s e m e n t With Us

More News
Up