DVB Logo
Home
မြန်မာသတင်း
အမျိုးသားပညာရေးဥပဒေဆန့်ကျင်သပိတ် ပခုက္ကူကျောင်းသားများစတင်
DVB
·
January 27, 2015
အမျိုးသားပညာရေးဥပဒေဆန့်ကျင်သပိတ် ပခုက္ကူကျောင်းသားများစတင်
Donate to DVB

မကွေးတိုင်း ပခုက္ကူမြို့မှာ ကျောင်းသားတွေက အမျိုးသားပညာရေးဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲကို ဒီကနေ့ မနက် ၉ နာရီမှာ စတင်လိုက်ပါတယ်။ ကျောင်းသားတွေဟာ ပခုက္ကူတက္ကသိုလ်ကျောင်းဝင်းအတွင်း ၀င်ရောက်ခဲ့ကြပါတယ်။

[caption id="attachment_78874" align="alignright" width="468"]ဓာတ်ပုံ - ကိုသက်ခိုင် ဓာတ်ပုံ - ကိုသက်ခိုင်[/caption]

ဒါနဲ့ပတ်သက်လို့ တက္ကသိုလ်များသမဂ္ဂ ကျောင်းသား ကိုဇေယျာလွင်က “ပခုက္ကူတက္ကသိုလ်ရှေ့ကနေ ကျောင်းထဲ ၀င်ဖြစ်တယ်။ ကျောင်းထဲကနေ ကျောင်းကို တပတ်ပတ်ပြီးတော့ အခုမြို့ထဲရောက်နေပြီ ပခုက္ကူမြို့ရဲ့ လွတ်လပ်ရေးကျောက်တိုင် ပန်းခြံမှာ ကျနော်တို့ အခု ထမင်းစားနေတယ်။ စားပြီးရင် ပန်းခြံကနေ နည်းပညာတက္ကသိုလ်ကို သွားမယ်” လို့ (မြန်မာ ၁၂ နာရီ ၁၀ မိနစ်) မှာ ပြောပါတယ်။

သပိတ်မှောက်ကျောင်းသားတွေကို အုပ်ချုပ်ရေးပိုင်းက တစုံတရာ တားမြစ်မှုမရှိဘူးလို့ သူက ပြောပါတယ်။
“အာဏာပိုင်က ဘာမှ တားမြစ်တာ မရှိဘူး။ ဥပဒေသမားတယောက်ဆိုလား မသိဘူး။ တရားရုံးက လာပြီးတော့ ပုဒ်မ (၁၈) (ငြိမ်းချမ်းစွာစီတန်းလှည်လည်ခွင့်ဥပဒေပုဒ်မ) လာဖတ်ပြ တာပဲရှိတယ်” လို့ ပြောပါတယ်။

ပခုက္ကူကျောင်းသားတွေဟာ မနက်ဖန်ကျရင် ပခုက္ကူ,မြို့ကနေ ချောက်၊ ရေနံချောင်း၊ မကွေး၊ ပြည် မြို့တွေကိုဖြတ်ပြီး ရန်ကုန်သို့ ချီတက်မှာဖြစ်ပါတယ်။

ပခုက္ကူကျောင်းသားတွေရဲ့ လှုပ်ရှားမှုနဲ့တချိန်တည်းမှာ မန်းတလေးကနေ ရန်ကုန်ကို ချီတက်တဲ့ ကျောင်းသားသပိတ်စစ်ကြောင်းဟာ လမ်းတလျောက်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပိတ်ဆို့မှုကို ခံနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013