DVB Logo
Home
မြန်မာသတင်း
ကာကွယ်ရေးအသုံးစရိတ် ကျပ်ငွေ ၂၇၅၀ ဘီလီယံ စစ်တပ်တောင်းခံ
DVB
·
January 27, 2015
ကာကွယ်ရေးအသုံးစရိတ် ကျပ်ငွေ ၂၇၅၀ ဘီလီယံ စစ်တပ်တောင်းခံ
1 / 4
Donate to DVB

လာမယ့် ၂၀၁၅-၂၀၁၆ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်အဖြစ် မြန်မာကျပ်ငွေ ၂၇၅၀ ဘီလီယံ တောင်းခံထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးဝေလွင်က ပြောကြားလိုက်ပါတယ်။

၂၀၁၅ ခုနှစ် ပြည်ထောင်စုရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ဇန်န၀ါရီ ၂၆ ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးခဲ့တာ ဖြစ်ပြီး ကာကွယ်ရေးအသုံးစရိတ် တောင်းခံထားမှုနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးက ဒီဗွီဘီကို ပြောကြားခဲ့တာပါ။

ဒုဗိုလ်ချုပ်ကြီးဝေလွင်က “ကျနော်တို့ကတော့ ကျပ်ငွေ ၂၆၁၂ ဘီလီယံလောက် ရှိတယ်။ နောက်က ဒသမတွေတော့ ဖယ်လိုက်တော့၊ လစာတိုးဖို့အတွက်ကလည်း လျာထားတာနဲ့ဟာနဲ့ဆိုရင် အားလုံး ကျပ်ငွေ ၁၃၇ ဘီလီယံ ၁၄၀ ဘီလီယံလောက်က လစာတိုးဖို့ကလည်း လျာထားတယ်။ ဒါကြောင့်မို့လို့ အားလုံး စုစုပေါင်းက ကျပ်ငွေ ၂၇၅၀ ဘီလီယံ ရှိပါတယ် တင်ထားတာပေါ့။ ရ၊ မရတော့ မသိသေးဘူး”လို့ ပြောပါတယ်။

ဒီအသုံးစရိတ်ထဲမှာ တိုက်ခိုက်ရေးအသုံးစရိတ်နဲ့ တပ်မတော်တွင်း လစာတိုးမဲ့စရိတ်တွေ အားလုံး ပါဝင်ပြီး ကာကွယ်ရေးအသုံးစရိတ်ဟာ ဘတ်ဂျက်ရဲ့ ၃၃ ရာခိုင်နှုန်းဝန်းကျင်လောက်ရှိ မယ်လို့လည်း ခန့်မှန်းပြောပါတယ်။

၂၀၁၅ -၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် ကျပ်သန်းပေါင်း ၆ သန်းကျော်ကို ပြည်ထောင်စု အစိုးရအဖွဲ့ ၀န်ကြီးဌာန ၃၄ ခုက တောင်းခံထားပြီး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တောင်းခံငွေက အများဆုံးဖြစ်နေတာလည်း ဖြစ်ပါတယ်။
ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်ကတော့ နိုင်ငံဝန်ထမ်းတွေကို အခမဲ့ ဆေးကုသပေးနိုင်ဖို့ ကျန်းမာရေး အသုံးစရိတ်မှာ ကျပ်ငွေ ၃၇ဒသမ ၄၉၂ ဘီလီယံ နီးပါးထည့်သွင်းဖို့နဲ့ နိုင်ငံ့ဝန်ထမ်းလစာအတွက် ကျပ်ငွေ ၂၉၀၁ ဒသမ ၇၆၃ ဘီလီယံ သုံးစွဲဖို့လျာထားတဲ့အကြောင်း ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားသွားပါတယ်။

အမျိုးသား လွှတ်တော်အမတ် ဒေါက်တာဗညားအောင်မိုးကတော့ ကာကွယ်ရေး ဘတ်ဂျတ် အသုံးပြုမှုနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာ မှုရှိဖို့လိုတယ်လို့ ဒီဗွီဘီကို သုံးသပ်ပြောပါတယ်။

“ကာကွယ်ရေးဘတ်ဂျတ်က တိုင်းပြည်ကိုကာကွယ်ဖို့အတွက် လိုအပ်ပါတယ်။ ဒါပေမယ့် တကယ် အဲဒီနေရာမှာ အသုံးချသလား။ ကိုယ်ကျိုးအတွက် ဘယ်လောက်သုံးသလဲ တကယ့်ကာကွယ်ရေး အတွက် ဘယ်လောက်သုံးသလဲ ကျနော်တို့ မသိရဘူး။”

မြန်မာနိုင်ငံရဲ့ ကာကွယ်ရေး အသုံးစရိတ်ဟာ အ၇င်က အစိုးဘတ်ဂျက်တစ်ခုလုံးရဲ့ ၂၉ ရာခိုင်နှုန်းရှိခဲ့ ရာက ၂၀၁၄-၁၅ ဘဏ္ဍာနှစ်မှာတော့ ၂၃ ရာခိုင်နှုန်း လျော့ချ သတ်မှတ်ခဲ့ပြီး ကျပ်ငွေ ၂၂၈၂ ဘီလီယံ အသုံးပြုခဲ့ပါတယ်။

ဒါပေမယ့် အာဆီယံနိုင်ငံတွေထဲမှာ မြန်မာဟာ ကာကွယ်ရေး ဘတ်ဂျက်ရာခိုင်နှုန်း အများဆုံးသုံးတဲ့ နိုင်ငံဖြစ်ပြီး ကမ္ဘောဒီးယားက ၁၄ ရာခိုင်နှုန်း၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင် နိုင်ငံတွေကတော့ ၁၃ ရာခိုင်နှုန်းဝန်းကျင် သုံးစွဲနေတာဖြစ်ပါတယ်။
[gallery ids="78821,78822,78823,78824"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013