A d v e r t i s e m e n t With Us

ဗိုလ်ချုပ်ရာပြည့်အထိမ်းအမှတ် ချစ်ကြည်ရေးဘောလုံးပွဲ (ဓာတ်ပုံ)

ဗိုလ်ချုပ်အောင်ဆန်း အသက် ၁၀၀ ပြည့် မွေးနေ့ အထိမ်းအမှတ် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို ဒီနေ့ စတင်ဖွင့်လှစ် ကျင်းပနေပါတယ်။ ဒီနေ့ဖွင့်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နယက ဦးတင်ဦး တက်ရောက်ခဲ့ပြီး ရုပ်ရှင်၊ ဂီတ၊ အနုပညာရှင်တွေရဲ့ သီဆိုဖျော်ဖြေတဲ့ အစီအစဉ်တွေနဲ့အတူ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲမှာ အသင်း ၈ သင်း ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပြီး ရန်ကုန်က အောင်ဆန်းကွင်း၊ မြက်ခင်းတုကွင်းနဲ့ ပဒုမ္မာကွင်းတို့မှာ ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီနေ့ ပထမဆုံး အုပ်စုပွဲစဉ်တွေအဖြစ် ရုပ်ရှင်အစည်းအရုံးအသင်းနဲ့ နိုင်ကျဉ်းအသင်း၊ အန်အယ်လ်ဒီ (ခ) မေတ္တာရှင်အသင်းနဲ့ ဂီတ အသင်းတို့ အောင်ဆန်းကွင်းမှာ ကစားကြမှာဖြစ်ပါတယ်။ တရက်ခြားစီကျင်းပသွားမယ့် နောက်နေ့အုပ်စု ပွဲစဉ်တွေမှာတော့ အန်အယ်လ်ဒီ (က) အသင်း၊ Talent Model FC အသင်း၊ ဇာတ်ပို့ဇာတ်ရံ  ကိုကိုများအသင်းတို့လည်း ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဗိုလ်လုပွဲကိုတော့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ပဒုမ္မာကွင်းမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - National League for Democracy [gallery ids="78591,78593,78594,78595,78596,78597,78598"]

A d v e r t i s e m e n t With Us

More News
Up