A d v e r t i s e m e n t With Us

မဘသဥက္ကဋ္ဌကျောင်း ဗုံးခြိမ်းခြောက်ခံရ

အင်းစိန်မြို့နယ် ရွာမဘုန်းကြီးကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ကို ကျောင်းဝင်းအတွင်း ဗုံးထောင်ထားတယ်လို့ ဖုန်းဆက်ခြိမ်းခြောက်မှု မနေ့ည ၁၁ နာရီလောက်က ဖြစ်ပွာံးခဲ့ပါတယ်။ ဒီခြိမ်းခြောက်မူကြောင့် သက်ဆိုင်ရာက ရှာဖွေရေးကိရိယာတွေနဲ့ ၀င်ရောက်ရှာဖွေခဲ့ပေမယ့် တစုံတရာ မတွေ့ရဘူးလို့ အင်းစိန်မြို့နယ်စခန်းမှူး ဒုရဲအုပ် မျိုးမြင့်ကြိုင်က ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး သက်ဆိုင်ရာက တစ်စုံတစ်ရာထုတ်ပြန်ခြင်းမရှိသလို ကျောင်းထိုင်ဆရာတော်ကလည်း သတင်းစာရှင်းလင်းပွဲလုပ်သွားမယ်လို့ ဆိုပါတယ်။ ခြိမ်းခြောက်ခံရတဲ့ အင်းစိန်ရွာမကျောင်းတိုက်က ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တတိလောကာဘိဝံသဟာ မဘသ ဥက္ကဋ္ဌ ဖြစ်ပြီး အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဥပဒေတင်သွင်းရာမှာ ဦးဆောင်ပါဝင်သူလို့ သိရပါတယ်။
ဓာတ်ပုံ - အိမမမွန် [gallery ids="78360,78361,78362,78363,78364"]

A d v e r t i s e m e n t With Us

More News
Up